Part-8(U+Z)

146 13 1
                                    

Unicode

'ဖူး‌ ဖြေးဖြေးမောင်းသွားနော်..လမ်း‌ရှုပ်တယ် အခုချိန်က'

'ဟုတ်တယ် အိမ့်ရေ... သားစွဲရော ဇွဲရော သွားပြီနော်..'

'ဟုတ်ကဲ့အန်တီ...ငြိုးbye bye..'

'bye bye.. '

ဇွဲကိုသာ လက်ပြပြီး လက်ပြနေသော ကျွန်တော့်ကိုတော့ တစ်ချက်မှ လှည့်ကြည့်ခြင်းမရှိခဲ့ပေ။
*ဟက်...ဒီကလေးက အချေလေးဘဲကွာ..*

'မေမေ ငြိုးအမေက ဘာလာပြောတာလဲ..'

'အော် မေမေ့ကို ငြိုးနဲ့ ဇွဲနဲ့ကို စာအတူတူသင်စေချင်လို့တဲ့ ကျူရှင်ကိုနှစ်ယောက်ဝိုင်းလေးသင်ချင်သလိုမျိုးပေါ့...'

'မေမေက သင်မှာလား..'

'သင်ရမှာပေါ့ကွယ် သားငယ်သူငယ်ချင်းလည်းဖြစ် သူ့အမေနဲ့လဲ မေမေကခင်နေတော့ မငြင်းရက်ပါဘူး...'

'သားသဘောကတော့ မေမေသိမှာပါ..'

'မဟုတ်လည်း သားငယ်ကိုသင်ပေးနေရတာဘဲလေ နောက်တစ်ယောက်ထပ်တိုးသင်လိုက်လို့လည်း မေမေမပင်ပန်းပါဘူးကွယ်..'

'မေမေအဆင်ပြေရင် ပြီးတာပါဘဲ...'

'လာ လာ အိမ်ထဲ၀င်တော့ လေတွေတိုက်လာပြီ...'

ကျွန်တော်လည်း မေမေ့နောက်မှ အိမ်ထဲသို့ ပြန်၀င်ခဲ့လိုက်တော့သည်။
အိမ်ထဲတွင်ဇွဲကတော့ သူ့စာသူလုပ်နေလေရဲ့..

တစ်ခါ‌တစ်လေ ကျွန်တော်တွေးမိသည်။ ကျွန်တော် ကျွန်တော့်ရဲ့ပညာရေးကို စွန့်လွှတ်ခဲ့ရသည်က တန်ရဲ့လားလို့ပေါ့။ ကျွန်တော့်လိုအရွယ် တက္ကသိုလ်ကျောင်းသားများ ဆိုင်သို့လာထိုင်လျှင် ကျွန်တော်မသိမသာ ကြည့်မိသည်။ တစ်နည်းပြောရရင် ကျွန်တော်သူတို့ကိုအားကျသည်။ ပညာရေးကို တစ်ပိုင်းတစ်စနှင့် စွန့်လွှတ်ခဲ့ရသည့်သူ တစ်ယောက်၏ခံစားချက်ကို မည်သူမျှနားမလည်နိုင်ပေ။
တစ်ဖက်ကကြည့်လျှင်လည်း ကျွန်တော် ဤကဲ့သို့ ကျောင်းထွက်ပြီး အလုပ်လုပ်သောကြောင့် မေမေနှင့် ညီလေး၏ပညာသင်စရိတ်ကို တစ်ဖက်တစ်လမ်း ကူညီရာရောက်ပေသည်။

   သို့ပေမဲ့ အမှန်အတိုင်း၀န်ခံရလျှင်
ကျွန်တော် သူ့ကိုစိတ်နာမိပါသည်။

ငြိုးစွဲ(U+Z)Where stories live. Discover now