Part-6(U+Z)

200 15 1
                                    

Unicode

ကားမှန်တံခါးမှတစ်ဆင့် ဖြတ်၀င်လာသောလေကြောင့် ကျွန်တော့်၏ရှေ့ဆံပင် တစ်ချို့နှင့် အင်္ကျီကော်လံစတို့က နောက်ဘက်သို့ မသိမသာ လွင့်နေကြလေသည်။ ရန်ကုန်၏ ညဘက်လေက အေးချမ်းလွန်းလှပါသည်။လမ်းမီးတိုင်တစ်ခုပြီးတစ်ခုကို ကျော်လွန်၍ ကျွန်တော် အတွေးကင်းမဲ့စွာ မောင်းနှင်နေမိသည်။

~~~

အိမ်သို့ပြန်ရောက်ရောက်ချင်း ကျွန်တော် ရေမိုးချိုးလိုက်သည်။ ညနေစာမစားချင်တော့သောကြောင့်ကျွန်တော် အိပ်ခန်းထဲသို့သာ ၀င်ခဲ့မိတော့သည်။ ညအိပ်မီးလေးကိုသာဖွင့်ခဲ့၍ ကျွန်တော်အရင်က စာကြည့်ခဲ့သော စာကြည့်စားပွဲလေးတွင် ထိုင်လိုက်မိသည်။

စိတ်နှင့်ကိုယ် မကပ်တော့ဘူး ဟု ထင်လိုက်မိချိန်တွင် ကျွန်တော်ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ကျွန်တော့်လက်က မည်သည့်အရာများကို ရေးနေသလဲ မသိတော့။

*မဖြစ်သင့်တဲ့ အရာတစ်ခု...

အဲ့ဒီအရာကို ဖြစ်သွားမှာကြောက်နေမိတယ် မဖြစ်မှာကိုလည်း စိုးရိမ်နေမိတယ်

လက်ခံချင်ပေမဲ့ ကျွန်တော်ကြောက်ရွံနေမိတယ်

                          ငြိုး*

ထိုအရာတွေအားလုံးရဲ့ အဓိကအရင်းအမြစ်က ဟုတ်သည် ထိုကလေးပင် ထိုကလေးကြောင့်ပင် ။

လူတစ်ယောက်ကို ၃စက္ကန့်အတွင်း ချစ်သွားနိုင်သည်ဆိုတာကို ကျွန်တော် မယုံကြည်ခဲ့။ ကျွန်တော့်သူငယ်ချင်းများ အချစ်ဆိုသည့်အရာကို ပြောလျှင် ကျွန်တော်နားမထောင်ခဲ့။ မြင်မြင်ချင်းအချစ်ဆိုတာကို ကျွန်တော်ပို၍တောင် မယုံခဲ့။ လူတစ်ယောက်ကို မြင်မြင်ချင်းချစ်သွားနိုင်သည်ဆိုတာ ဖြစ်နိုင်ပါ့မလား။ လက်တွေ့ ထိုလက်တွေ့‌ဆိုသော အရာကိုသာ ကျွန်တော် စောင့်စားနေခဲ့သည်။ အခုတော့ ထိုလက်တွေ့လေးက ငြိုး တဲ့လား ။

စာကြည့်စားပွဲမှ ထလာကာ အိပ်ယာပေါ်တွင် ကျွန်တော် ပစ်လှဲလိုက်သည်။မျက်နှာကျက်ပေါ်ရှိ မီးအလင်းရောင်ကြောင့် ညာဘက်လက်ကို နဖူးပေါ်တွင် တင်လိုက်ကာ မျက်လုံးများကို ဖြေးညှင်းစွာပိတ်ချလိုက်သည်။ ဘာကြောင့် မေ့ဖျောက်၍မရသနည်း။

ငြိုးစွဲ(U+Z)Where stories live. Discover now