Unicode
ရောက်ပြီ
ကျွန်တော် ဘတ်စ်ကားပေါ်မှ ဆင်းလိုက်ပြီး ကျွန်တော်အလုပ်လုပ်သော ဆိုင်ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။ ဆိုင်ထဲရှိ အ၀တ်စားလဲခန်းတွင် အေပရွန်ကို အပေါ်တွင်သာ ထပ်၀တ်လိုက်တော့သည်။ထို့နောက် ကျွန်တော့်ရဲ့အလုပ်စတင်ပါပြီ...Fudoတွင်ဖြစ်သောကြောင့် ကျွန်တော် စတင်လုပ်ရမည့်အလုပ်က ကိတ်မုန့်ဖုတ်ရခြင်းပင်...တခြားစားသောက်ဆိုင်များတွင် လုပ်ကြည့်ဖူးသည် အခုလောက် အဆင်မပြေခဲ့။
လစာလည်း ကောင်းပြီး လုပ်ရသည့်အလုပ်ကလည်း သိပ်မပင်ပန်းသောကြောင့် ကျွန်တော် ဒီ အလုပ်ကိုနှစ်သက်မိသည်။ ကျွန်တော် လုပ်ရသည့်အလုပ်ကိုတော့ အသေးစိတ်မပြောချင်တော့ပေ။
ကျွန်တော့်လုပ်သောစားသောက်ဆိုင်ပိုင်ရှင်က မိန်းကလေးပင် ဤအရာသည် အခုခေတ်တွင် မထူးဆန်းတော့ပေ
လွန်ခဲ့သော ၂လခန့်က ကျွန်တော် ယခုစားသောက်ဆိုင်တွင် အလုပ်လာလျှောက်ခဲ့သည် ကံကောင်းချင်တော့ ကျွန်တော် သူမနှင့် တွေ့ခဲ့ရပြီး ချက်ချင်းအလုပ်ရခဲ့လေသည်
ကျွန်တော် အလုပ်လုပ်သည့်အချိန်မှစ၍ သူမ၏အကြောင်းများကို တစ်စိတ်တစ်ပိုင်း သိလာခဲ့ရသည် ထို့ကြောင့် ကျွန်တော် သူမကိုအားကျခဲ့ရသည့်အရာက သူမ၏ဘ၀ပင်
မိဘ ဆွေမျိုးအသိုင်းအဝိုင်း
ပညာတတ်ဘွဲ့ရ ပိုက်ဆံရှိ
ဒါဘဲလား မဟုတ်သေး ရုပ်ရည်ရူပကာပြောစရာကိုမရှိပေပိုးသားလိုနူးညံ့နေတဲ့ သူမ၏အသားအရေ ပွင့်ကာစနှင်းဆီပွင့်ဖတ်လို နီရဲနေတဲ့ သူမ၏နှုတ်ခမ်းပါးတစ်စုံ ညို့ငင်အားပြင်းထန်ပြီး မာနကိုရှေ့ထားသည်ဟု ဖော်ပြနေသော သူမ၏ဆွဲမက်ဖွယ်မျက်လုံးတစ်စုံ ဇင်ယော်တောင်မျက်ခုံးနှင့် မျက်တောင်မွှေး ရှည်တို့က သူမ၏မျက်နှာကို လှပစွာ ခြယ်သထားပေးကြသည်
ထိုအရာဖြင့်ပင် သူမသည် အထက်တန်းလူတန်းစားဖြစ်မည်ကို ခန့်မှန်းနိုင်ပေသည်
ကျွန်တော် တစ်ယောက်တည်း ဤကဲ့သို့ ထင်သည်မဟုတ် သူမကိုတွေ့သည်သူတိုင်းပင် သူမရုပ်ရည်ကို ထိုကဲ့သို့ မှတ်ချက်ပေးမည်က အမှန်ပင်
YOU ARE READING
ငြိုးစွဲ(U+Z)
Teen Fictionခက်စွဲမာန် ငြိုးငယ်သစ် သခွပ်ဖြူ ဘာအကြောင်းလဲ.....HE or SE... guess readers!!!