Part 1 (အစိမ်းရောင်လိပ်ပြာငယ်)

4K 150 9
                                    

🦋 လိပ်ပြာနှောင်ကြိုး 🦋 (Zhanyi)

Part 1 (အစိမ်းရောင်လိပ်ပြာငယ်)

ပတ်ဝန်းကျင်တခုလုံး အမှောင်ထု ကြီးစိုးနေချိန်ဖြစ်သော်ငြားလည်း မြို့ပြရဲ့ အဆောင်အယောင်များဖြစ်သော မီးရောင်များဖြင့် ဖွေးနေသည်။ အချိန်အားဖြင့်နံနက် လေးနာရီခန့်။ ကောင်းကင်၌ နက်ပြာရောင် ဖျော့ဖျော့သာ ကျန်တော့သည်။ မကြာခင် နေမင်းက ပတ်ဝန်းကျင်တခုလုံး အလင်းဆောင်ကျဉ်းပေးတော့မည်။ ထိုကဲ့သို့သော အချိန်၌ ပေကျင်းမြို့ရဲ့ Churchကျောင်းတခု အတွင်း၌

"ဘုရားသခင်က လူသားတိုင်းကို သူတို့ပျော်ရွင်ဖို့ တောင်းဆုတွေကို ဖြည့်စည်းပေးတယ်။ ကျနော့်ကျ‌တော့မှ ဘာလို့လဲ ကျနော့်ဆုတောင်း တွေကရောဖြည့်ဆည်းပေးဖို့ မထိုက်တန်လို့လား....

ဒါ့ကြောင့် အခုချိန်ကစပြီး ကျန်ော့ ကံကြမ္မာ ကျနော်ပဲရေးတော့မယ်။ ဘာဆုတောင်းမှလည်း ထပ်မလုပ်တော့သလို ဒီကိုနောက်ထပ်လာစရာအကြောင်းလည်းမရှိတော့ဖူး...."

🦋 🦋 🦋

💔ခများတို့ အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်ထားကြလဲ???

💔ခများတို့ ဘယ်အတိုင်းအတာထိရော လူတစ်ယောက်ကို ချစ်ဖူးကြလဲ???

💔ခများတို့ အချစ်မှာ စည်းမျဉ်သတ်မှတ်ချက်တွေရှိကြလား???

❗ဥပမာ ကိုယ့်ချစ်သူက သေသွားခဲ့ရင် သူ့ကို မေ့ပစ် လိုက်ပြီး ဘဝအသစ်တခုစသင့်တယ်တို့ ဘာတို့ ဆိုတာမျိုးပေါ့......

🦋 🦋 🦋

"ကလေး...."

"......"

"ကလေးလို့..."

"....."

"ကလေး...ကိုကို့ကို စိတ်ဆိုးနေတုန်းပဲလား"

"......"

"Sorryပါ... ကလေးလေးရာ..ကိုကို အိပ်ပျော်‌နေလို့ ကလေးခေါ်တာ မကြားလိုက်လို့ပါကွာနော်...စိတ်မဆိုးပါနဲ့ကွာ...ကလေး စကားမပြောရင် ကိုကိုမနေတတ်လို့ပါကွာ...နော်...နော်လို့"

ရှောင်းကျန့်တစ်ယောက် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီး မျက်နှာလေးကို အတတ်နိုင်ဆုံး ညိုးကာ သူ့ချစ်ရသူလေးကို ချော့လိုက်သည်။ ထိုအခါ သူ့အသည်းသက်လေးက ပြုံးပြီးခေါင်းလေးငြိမ့်ပြသည်။ ထိုအချိန်မှ ရှောင်းကျန့်တစ်ယောက် သက်ပြင်းချကာ ချစ်ရသူကို ရင်ခွင်ထဲဆွဲပွေ့လိုက်သည်။ ထိုအခါ ရင်ခွင်ထဲက အကောင်ပေါက်လေးက ပြုံးစိစိနှင့် ရှောင်းကျန့်ရင်ဘတ်ကို ကြောင်လေးများ ထိတွေ့ဆော့ကစားသလို နှာခေါင်းလေးနှင့် တို့ကာတို့ကာ စနောက်နေ‌သည်။ ရှောင်းကျန့်ကတော့ တပြုံးပြုံးနှင့် ရင်ခွင်ထဲက အကောင်ပေါက်လေးကို ပိုပြီးတင်းကြပ်နေအောင် ထွေးပွေ့ထားလိုက်သည်။

🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***Where stories live. Discover now