Part 2 (နှင်းဆီတစ္ဆေ)

1K 97 7
                                    

🦋 လိပ်ပြာနှောင်ကြိုး 🦋 (Zhanyi)

Part 2 (နှင်းဆီတစ္ဆေ)

XZ : "ဘာပြောမလိုလဲယွီပင်း။ ငါစောင့်နေတာ နာရီဝက်လောက်ရှိပြီထင်တာပဲ"

ယွီပင်းတစ်ယောက် ရှောင်းကျန့်ကို စကားပြောဖို့ စဉ်းစားလာသမျှ ရှောင်းကျန့်မျက်နှာကြည့်ပြီး အကုန်ပျောက်ကွယ်ကုန်သည်။ ပြောဖို့ပြင်လိုက် စကားကထွက်မလာလိုက်နှင့် နာရီဝက်ပင်ကျော်ခဲ့သည်။

ယွီပင်း : "ဟို ငါပြောချင်တာက"

XZ : "အင်းပြော"

ယွီပင်း : "မင်းဘယ်တော့အလုပ်ပြန်ဝင်မှာလဲ"

XZ : "ဘာလို့လဲ"

ယွီပင်း : "ဒီတိုင်းဆက်နေရင်မကောင်းဖူးလားလို့"

XZ : "အင်းငါပြန်လုပ်မှာပါ။ ဒါမဲ့ အချိန်နဲနဲ‌ လောက်ပေးပါဦး"

ယွီပင်း : " ဟိုငါပြောချင်တာကကွာ အဲ့လောက်ခံစားမနေပါနဲ့လို့ သေတဲ့..."

XZ : "တော်တော့ ယွီပင်း"

ရုတ်တရက်ရှောင်းကျန့်အော်သံကြောင့် မီးဖိုးခန်းထဲ ညစာပြင်နေသည့် ကျန်းချန်ပါအခန်းထဲရောက်လာသည်။

ယွီပင်း : "ဟို ဟို ငါပြောတာက"

XZ : "ဒီမှာ ယွီပင်း မင်းကလေးကိုသေတယ်လို့မပြောနဲ့ ငါမကြိုက်ဖူး"

ကျန်းချန် : "ရှောင်းကျန့်ရာ"

XZ : "ဘာလဲ မင်းတို့က ငါ့ကိုရူးနေပြီလို့ထင်နေကြတာမလား...ငါမရူးဖူးကွ"

ကျန်းချန် : "အေးပါကွာ...အေးပါ"

ယွီပင်း : " ရိပေါရဲ့ နောက်ဆုံးခရီးမှာ မျက်နှာကိုမမြင်လိုက်ရပေမဲ့ ရိပေါက တကယ်မရှိတော့ဖူး သူငယ်ချင်း ရိပေါဆုံးသွားပြီဆိုတာ မင်းလက်ခံရလိမ့်မယ်"

ကျန်းချန် : " ရှောင်းကျန့်...စိတ်ကိုအတတ်နိုင်ဆုံးထိန်းပါကွာ။ ငိုချင်ငိုချလိုက် ယောင်္ကျားမငိုရဖူးလို့ ဥပဒေမရှိပါဖူး"

XZ : " ငိုချလို့မရအောင် ရင်ထဲဆို့ကျပ်နေတာ မင်းတို့နားလည်နိုင်မှာမဟုတ်ဖူး"

ပြောပြီး ရှောင်းကျန့်မှာအရုပ်ကြိုးပျက်ထိုင်ချလိုက်တော့သည်။ ဘယ်လိုဖြစ်စေ ရိပေါကိုသေတယ်လို့ပြော ရှောင်းကျန့်မကြိုက်ဖူး။ ဒါမဲ့ ရိပေါလောကကြီးမှာမရှိတော့ဖူးဆိုတာ သူသိသည်။ သူကိုယ်တိုင်ပင် ရိပေါ
ဝိဉာဉ်ကို ခေါ်လာခဲ့သည်မဟုတ်လား။ သူအ‌နေနှင့် သူငယ်ချင်းတွေကိုပြောပြလိုက်သင့်လား။ ရိပေါဝိဉာဉ်ကသူနဲ့တူတူရှိနေတယ်ဆိုတာကို။ ဒါဆို သူတို့ ရိပေါကိုများမုန်းသွားကြမှာလား။ ကြောက်ရွံ့သွားကြမှာလား။ ရှောင်းကျန့်အတွေး၌ မေးခွန်းပေါင်းစုံ လူးလာခတ်နေသည်။ ထိုစဉ် ကျန်းချန်ဆီမှ

🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***Where stories live. Discover now