🦋လိပ်ပြာနှောင်ကြိုး🦋 (Zhanyi)
Part 4 (အချစ်ကြောင့်)
ရှောင်းကျန့်လက်ညိုးညွှန်ရာ ကြည့်လိုက်တော့ လှုပ်ထိုင်ခုံလေးက လူမရှိပဲ လေလည်းမတိုက်ပဲ လှုပ်နေတာကြောင့် ယွီပင်းရော ကျန်းချန်ပါ အံဩသွားကြသည်။ အသည်းငယ်သူကျန်းချန်က ယွီပင်းပေါ် တွယ်မတက်ရုံတမယ်အတင်ရကပ်နေတော့သည်။
"ရှောင်းကျန့်...ဒါ ဒါတကယ်ပဲ ရိပေါလား"
ယွီပင်းအံ့ဩတကြီးမေးလိုက်သည့် မေးခွန်းကို ရှောင်းကျန့် လေးလေးနက်နက်ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆို ရိပေါက မကျွတ်....ဖူးလား"
"အင်းဟုတယ်။ငါ ကိုယ်တိုင်ခေါ်လာခဲ့တာ"
"ဘာ!!!"
"ဟုတယ်။ငါရိပေါကို မြေချတဲ့နေမှာ ငါတောင်းဆိုခဲ့တာ ငါ့ကိုချစ်တယ်ဆိုရင်ငါနဲ့ပြန်လိုက်ခဲ့ပေးဖို့။ ကလေးကငါ့က်ိုသိပ်ချစ်တာ ဒါကြောင့် ငါ့စကားနားထောင်တယ်။ငါ့ဆိီပြန်လိုက်လာတယ်။ မင်းတို့တွေ့တယ်မလား အဲ့ခုံလုပ်နေတာ။အဲ့မှာကလေးရှိနေတယ်"
"ရှောင်းကျန့်ရာ ရှောင်းကျန့် မင်း မဟုတ်တာတွေလုပ်နေတာပဲ"
"မတတ်နိုင်ဖူး။ငါကလေးကို မခွဲနိုင်ဖူး"
"မင်းရူးနေလား ရှောင်းကျန့်"
"အေးငါရူးနေပြီ"
"ကောင်းပြီလေ။မင်းဇတ်လမ်း ငါအဆုံးသတ်ပေးမယ်"
ယွီပင်းကပြောပြီး နံရံကလက်ဝါးကပ်တိုင်ကြီးကို ဖြုတ်ချလာသည်။ ခုံလေးနားသွားဖို့လိုက်တော့ ရှောင်းကျန့်က ခုံကိုကာပြီး ရပ်လိုက်သည်။
"ဖယ်!!!ရှောင်းကျန့်"
"မဖယ်ဖူး။ မင်းရှေ့ဆက်တိုးလာရင် ငါသူငယ်ချင်းတွေ ဘာတွေနားလည်မှာ မဟုတော့ဖူးနော် ယွီပင်း"
"ကျန်းချန် သူကိုအခန်းထဲခေါ်သွားလိုက်"
"လာထိကြည့်လိုက်လေ"
"မင်းတို့ တော်ကြပါတော့ကွာ။ ယွီပင်း မင်း..."
"မင်းပါးစပ်ပိတ်ထား။ ဒီကောင်အရူးထတာကို ငါတို့ကလွတ်ပေးထားရမှာလား။ပတ်ဝန်းကျင်ကဘယ်လို ပြောမလဲ"
VOCÊ ESTÁ LENDO
🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***
FanficA story created by Good Witch 🧙♀️ (အိမ်လေး) (Both Unicode and Zawgyi) ချစ်ရသူ ဝမ်ရိပေါနဲ့ပတ်သတ်လာရင် ဘယ်အရာကိုမမြင်တော့တဲ့ ရှောင်းကျန့်တစ်ယောက် သူအနားကနေ ဘယ်တော့မှပြန်မလာနိုင်တော့မဲ့ သေခြင်းတရားခရီးစဉ်နဲ့ရင်ဆိုင်သွားရတဲ့ ရိပေါကို မခွဲနိုင်ပဲ ဝိဉာဉ...