Part 6 (အချစ်စစ်ဆိုသည်မှာ)

648 78 16
                                    

🦋လိပ်ပြာနှောင်ကြိုး🦋 (Zhanyi)

Part 6 (အချစ်စစ်ဆိုသည်မှာ)

"ရှောင်းကျန့်ရေ...ရှောင်းကျန့်"

တံခါးကိုအပြင်မှ 'တဒုန်းဒုန်း'ထုကာ အော်ဟစ်နေသော ယွီပင်းကြောင့် ရှောင်းကျန့် အိပ်ယာပေါ်မှ အသည်းသန်ပြေးဆင်းပြီး တံခါးဖွင့်ပေးလိုက်သည်။

"ဘာလို့အဲ့လောက်ထုနေတာလဲကွာ"

"မင်းကိုနှိုးချင်လို့လေ"

"ဒါများ အထဲဝင်မလာဖူး"

"အထဲဝင်လာပြီးနိုးလည်း မင်းကထမှာလား။ ခုလိုထုနေတော့ မင်းထလာရပြီမဟုတ်လား"

"အယုတ်တမာကောင်"

"ဟေ့ဟေ့...ဒါဘယ်ပြန်လှည့်တာလဲ"

သူ့ဆဲပြီး အိပ်ယာပေါ်ပြန်သွားမဲ့ ရှောင်းကျန့်ကို ယွီပင်း ဂုတ်ကဖမ်းဆွဲထားသည်။

"ငါပြန်အိပ်မလို့ကွ"

"မင်းညက တော်တော်နောက်ကျတယ်။ ညတိုင်းအဲ့လိုပဲလား"

"ကလေးက ညဘက်ဆို ကြာကြာနေလို့ရတယ်လေ။ဒါ့ကြောင့်..."

"ဒါနဲ့ မင်းအလုပ်ပြန်မလုပ်တော့ဖူးလားကွာ။ မင်း ရိပေါကိစ္စလည်း အဖြေရှာရဦးမယ်လေ။အပြင်လေးဘာလေးထွက်ပြီး နဲနဲပါးပါး စုံစမ်းဦးလေကွာ"

"အင်း...မင်းပြောတာမှန်တယ်။ ငါအလုပ်ပြန်လုပ်ရမယ်။ဒါမဲ့..."

"ဒါမဲ့ ဘာဖြစ်လဲ"

"ကလေးလာရင် ဘလိုလုပ်မလဲ"

"ခေါ်ခဲ့လိုက်ပေါ့ကွ"

ထိုအခါ မီးဖိုခန်းထဲ ကျန်းချန်ကလှမ်းအော်သည်။

"ယွီပင်းတို့ကတော့ ရှည်ပြီ"

"ငါက နဂိုတည်းကရှည်တယ်ဟေ့"

ပြောပြီး ရှောင်းကျန့်နဲ့ ယွီပင်းက ကျန်းချန် မကြားအောင် ကြိတ်ရယ်နေကြသည်။ ထိုအခါ ကျန်းချန်က မီးဖိုခန်းဘက်မှ ထွက်လာပြီး သူတို့ကို ရပ်ကြည့်နေသည်။

တကယ်တော့ မီးဖိုခန်းဆိုသော်လည်း သီးသန့် အခန်းဟူ၍မရှိပေ။ တိုက်ခန်းဖြစ်သည့်အတွက် သူတို့ကိုယ်တိုင် ကာရံထားသည်မို့ အသံက အတိုင်းသားကြားနေရသည်။ အခန်းဆိုလို့ ရှောင်းကျန့်အိပ်သည့်အခန်းတခန်းသာရှိပြီး ကျန်းချန်နဲ့ယွီပင်းက အပြင်မှာအိပ်ကြသည်။

🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***Where stories live. Discover now