🦋 လိပ်ပြာနှောင်ကြိုး 🦋 (Zhanyi)
Part 3 (VVIP )
ဝမ်အိမ်တော်🏘️
"ဘာထူးသေးလဲ"
"ဘာမှတော့ထူးခြားမှုမရှိပါဖူး။ ဒါမဲ့ သူဌေး...။"
"ဒါမဲ့ဘာဖြစ်လဲ"
" သူကအခုထိအလုပ်ပြန်မလုပ်သေးဖူး"
"ဝမ်းနည်းပြနေတာပေါ့လေ။ ငါ့သားကိုခုလိုဖြစ်အောင်လုပ်ခဲ့ပြီးမှ..."
"မဟုတ်ဖူး သူ့ပုံစံက ထူးဆန်းနေတာသူဌေး"
"ဘာထူးဆန်းနေလို့လဲ"
"တစ်ယောက်ထဲစကားတွေပြောနေလို့ သူ့သူငယ်ချင်းတွေပြောတာကြားရတယ်ဆရာ။ နောက်ပြီးမနေ့ညကလည်း သူတို့အခန်းက ထူးထူးဆန်းဆန်းအသံတွေကြားရသေးတယ်...ကြည့်ရတာ"
"ရူးသွားပြီနေမှာပေါ့....ဟားဟား။ နည်းတောင်နည်းသေးတယ်။ ငါ့သားခုလိုဖြစ်တာ သူလဲနည်းနည်းတော့ပြန်ခံစားရမှာပေါ့ ဟားဟား"
"သူတို့ပြောစကားအရတော့ သခင်လေးက မကျွတ်ပဲသူနားမှားရှိနေတာတဲ့"
"ဟား....ဟား...ရယ်ရတယ်ဟေ့။ ငါ့ဘဝမှာ တခါမှ
ခုလောက်ရယ်ရတဲ့ ဟာသ မကြားဖူးသေးဖူး။ ဟားဟား...ဘာ ဝမ်လေးကမကျွတ်ဖူး။ ဟုလား....ဟားဟား""....."
"မင်းတို့ဆက်ပြီးသေချာစောင့်ကြည့်ထားဟုပြီလား"
"ဟုတ်ကဲ့သူဌေး"
"တခုခုထူးခြားတာနဲ့ သတင်းပို့"
"ဟုတ်ကဲ့သူဌေး ခွင့်ပြုပါဦး"
"ကောင်းပြီ"
🦋 🦋 🦋
"ရှောင်းကျန့်မင်းဘာဖြစ်နေတာလဲ။ အရင်နေတွေကထက်ပိုမှိုင်နေပါ့လား"
"ဟိုညက ကိစ္စကြောင့်ဆိုရင်တော့ စိတ်ထဲထားမနေနဲ့တော့။ ငါတို့လည်းမေ့လိုက်ပြီ"
ရှောင်းကျန့် ကျန်းချန်နဲ့ယွီပင်း စကားကိုပြန်မဖြေနိုင်သေး။ သူစိတ်ညစ်နေ့သည့် အဓိကကိစ္စက ရိပေါကသူ့ကိုလာမတွေ့ခြင်းကြောင့်သာ။ ရိပေါခုဆို သူ့ကိုလာမတွေ့တာ ရက်နဲနဲ ကြာနေပြီဖြစ်သည်။ ဒါကြောင့် အရင်ကထက်ပိုဝမ်းနည်းမိသည်။ ဒီတခါ ကလေးငယ်ကို တကယ်ဆုံးရှုံးရတော့မှာလား???နောက်ထပ် ကလေးငယ်ကိုထပ်မတွေ့နိုင့်တော့ဖူးလား ???ဟူ၍ လား...ပေါင်းများစွာကြောင့် ရှောင်းကျန့် အသက်ရှုပင်ရပ်ချင်နေပြီ။
YOU ARE READING
🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***
FanfictionA story created by Good Witch 🧙♀️ (အိမ်လေး) (Both Unicode and Zawgyi) ချစ်ရသူ ဝမ်ရိပေါနဲ့ပတ်သတ်လာရင် ဘယ်အရာကိုမမြင်တော့တဲ့ ရှောင်းကျန့်တစ်ယောက် သူအနားကနေ ဘယ်တော့မှပြန်မလာနိုင်တော့မဲ့ သေခြင်းတရားခရီးစဉ်နဲ့ရင်ဆိုင်သွားရတဲ့ ရိပေါကို မခွဲနိုင်ပဲ ဝိဉာဉ...