🦋လိပ်ပြာနှောင်ကြိုး🦋 (Zhanyi)
Part 7 ( ရေစက် )
ဒီနေ့ အလုပ်ကအပြန်မှာ တက်ကြွလန်းဆန်းနေတဲ့ ရှောင်းကျန့်က ညစာကိုအပြင်က ဝယ်စားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို အားကြိုးမာန်တက် ထောက်ခံပေးတာက ကျန်းချန်။ ဒီလိုဝယ်စားလိုက်တော့ သူချက်ရ သက်သာတယ်လေ။
သုံးယောက်စာပဲဆိုပေမဲ့ ရှောင်းကျန့်နဲ့ယွီပင်းက အကြိုက်မတူကြတာမို့ တခါတလေ ဘာချက်ပေးရမလဲ စဉ်းစားရင်း ဆံပင်တောင်ဖြူနေပြီ။
ကျန်းချန်နဲ့ယွီပင်းက စကားတပြောပြောနဲ့ အရင်တက်နှင့်ကြတယ်။ ရှောင်းကျန့်က သူတို့တိုက်အောက်ထပ်က ခေါက်ဆွဲဆိုင်မှာ ဆန်ခေါက်ဆွဲတွေ မှာရင်းကျန်နေခဲ့တယ်။
သူ့ရဲ့လိပ်ပြာငယ်လေးကတော့ အချိန်ပြည့်လို့ပြန်ချေပြီ။ ရှောင်းကျန့် ရိပေါ်နဲ့တူတူ ခုလို အလုပ်သွားရတာ သိပ်ပျော်တယ်။ ကလေးနေ့တိုင်းလိုက်နိုင်ရင် ကောင်းမယ်လို့ ရှောင်းကျန့်စိတ်ကူးနေမိတယ်။
"အကိုမှာထားတာ ရပါပြီခမျာ"
"အော်...ဟုတ်ကဲ့။ ကျေးဇူးပါခမျာ။ ရောင်းကောင်းပါစေ"
ရှောင်းကျန့်နှုတ်ဆက်ပြီး အခန်းဆီ ပေါ့ပါးသွက်လက်တဲ့ ခြေလှမ်းတွေနဲ့ ပြန်လာခဲ့လိုက် သည်။
🦋🦋🦋
ရှောင်းကျန့်တံခါးဖွင့်ပြီး ဝင်လာတော့ ယွီပင်းနဲ့ကျန်းချန်က ဧည့်သည်တွေလို ဧည့်ခန်းမှာ မိန့်မိန့် ခန့်ခန့် ကြီးထိုင်နေကြတယ်။ မျက်နှာထားတွေက အထူးအစည်းဝေးခန်းတွေက အရေးကြီးပုဂ္ဂိုလ်တွေလို...
ဒီလိုပုံစံကိုမြင်တော့ ရှောင်းကျန့်မရယ်ပဲ မနေနိုင်။ ရယ်ရင်းလည်း နဲနဲလောက်နှိပ်ကွပ်လိုက် ချင်သေးသည်။ ဒါ့ကြောင့်
"ဟား...ဟား မင်းတို့ဟာလေ ရုပ်တွေနဲ့မှမလိုက် တည်ငြိမ်နေကြတာ"
"ရှောင်းကျန့် ခနလာဦး"
ယွီပင်းက တလုံးချင်း အေးစက်လေးပင်စွာ ခေါ်လိုက်သည်။
"လာမှာပါဗျာ...လာမှာပါ"
ပြောရင်း ဖိနပ်သေချာချွတ်ပြီး အိမ်စီးဖိနပ် လေး လဲရင်း ရှောင်းကျန့် ဧည့်ခန်းစီတန်းတန်းမတ်မတ်လျောက်သွားကာ ယွီပင်းဘေး
ဝင်ထိုင်လိုက်သည်။
ESTÁS LEYENDO
🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***
FanficA story created by Good Witch 🧙♀️ (အိမ်လေး) (Both Unicode and Zawgyi) ချစ်ရသူ ဝမ်ရိပေါနဲ့ပတ်သတ်လာရင် ဘယ်အရာကိုမမြင်တော့တဲ့ ရှောင်းကျန့်တစ်ယောက် သူအနားကနေ ဘယ်တော့မှပြန်မလာနိုင်တော့မဲ့ သေခြင်းတရားခရီးစဉ်နဲ့ရင်ဆိုင်သွားရတဲ့ ရိပေါကို မခွဲနိုင်ပဲ ဝိဉာဉ...