🦋လိပ်ပြာနှောင်ကြိုး🦋 (Zhanyi)
Part 9 (အန္တရာယ်ည)
ဧည့်ခန်းဆီ ဝင်လာတဲ့ ရှောင်းကျန့်ကိုတွေ့တော့ ယွီပင်းနဲ့ ကျန်းချန် ရှောင်းကျန့်ဆီ ထပြီးလျောက် သွားကြကာ
"ရှောင်းကျန့် ဘာဖြစ်လို့လဲ"
"အရေးကြီးလို့ဆို.."
သူငယ်ချင်း နှစ်ယောက်ကို ဝမ်ပါးရှိရာ ဧည့်ခန်းဆီ ပြန်ခေါ်ခဲ့ရင်း
"ငါမင်းတို့ကိုပြောစရာရှိတယ်။ အရေးကြီးတယ်။ ဒါ့ကြောင့်ခုလိုခေါ်လိုက်တာ..အတိုချုံပဲ မင်းတို့ကို ငါပြောနိုင်မယ်"
ဝမ်ပါးလည်း မျက်စိမျက်နှာပျက်နေသလို ရှောင်းကျန့်လည်း မျက်နှာမကောင်း။ ကျန်းချန်နဲ့ယွီပင်းမှာ နှစ်ယောက်လုံးကို ကြည့်ပြီး ရင်တုန်နေကြသည်။ ရိပေါ်လေး ကိစ္စဆိုတာတော့ မပြောလည်း နှစ်ယောက်လုံး သိကြပါတယ်။
"ဒီညက ကလေးရဲ့ နောက်ဆုံးညပဲ။ ကလေးရဲ့ ဝိဥာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်ဝင်မရအောင် ဝိဥာဉ်ဆိုးတကောင်က လုပ်နေတာ...Devilပေါ့"
"ဘယ်လို"
"ဘာ!"
"ဟုတ်တယ်။ ငါတို့အိပ်ပျော်တဲ့အခါငါတို့ရဲ့ဝိဥာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားကြတယ်။ ဒါပေမဲ့ ငါတို့ ခန္ဓာကိုယ်နဲ့ ငါတို့ ဝိဥာဉ်ကို white light နဲ့ ချည်နှောင် ထားတယ်။ ဒီလိုဆို ငါတို့ ဝိဥာဉ်က ငါတို့ ခန္ဓာကိုယ်ဆိီပြန်လာနိုင်တယ်။ အကယ်လို ဒီwhite light က ချည်နှောင်ထားတာ ပြတ်သွားခဲ့ရင် ငါတို့ခန္ဓာကိုယ်နဲ့ ဝိဥာဉ်က တခြားစီဖြစ်သွားပြီ။ ဝိဥာဉ်က ခန္ဓာကိုယ်မရှ်ိပဲကြာကြာမရှင်သန်နိုင်ဘူး။ သူ့ခန္ဓာကိုယ်ကို ပြန်ရှာလို့မတွေ့ပဲဖြစ်တတ်တယ်"
"ငါတို့နားလည်ပြီ။ အခု ရိပေါ်လေးက အဲ့လိုဖြစ်နေတာ"
"ဟုတ်တယ် ယွိီပင်း...အခု အဲ့မကောင်းဆိုးဝါးက ကလေးခန္ဓာကိုယ်ကို ကလေးပြန်မဝင်နိုင်အောင်လုပ်ပြီး ကလေးခန္ဓာကို သတ်ပစ်ဖို့လုပ်နေတယ်"
"ခဏရှောင်းကျန့်...ဦးတခုသိချင်တာရှိလို့ သူက ဝမ်လေးကိုယ်ထဲဝင်ဖို့လုပ်နေတာဆို"
![](https://img.wattpad.com/cover/225977603-288-k615668.jpg)
ESTÁS LEYENDO
🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***
FanficA story created by Good Witch 🧙♀️ (အိမ်လေး) (Both Unicode and Zawgyi) ချစ်ရသူ ဝမ်ရိပေါနဲ့ပတ်သတ်လာရင် ဘယ်အရာကိုမမြင်တော့တဲ့ ရှောင်းကျန့်တစ်ယောက် သူအနားကနေ ဘယ်တော့မှပြန်မလာနိုင်တော့မဲ့ သေခြင်းတရားခရီးစဉ်နဲ့ရင်ဆိုင်သွားရတဲ့ ရိပေါကို မခွဲနိုင်ပဲ ဝိဉာဉ...