Part 5 (ဖြေရှင်းရခက်သော)

580 81 12
                                    

🦋 လိပ်ပြာနှောင်ကြိုး 🦋 (Zhanyi)

Part 5 (ဖြေရှင်းရခက်သော)

ရှောင်းကျန့်နဲ့တူတူ ကျန်းချန်ရော ယွီပင်းပါ‌ ကြောင်တောင်တောင်ဖြစ်ကုန်ကြသည်။ သရဲက ဘရားစာရွတ်တာကို ဘာမှမခံစားရဖူးဆိုတော့ နဲနဲလေးထူးဆန်းမနေဖူးလား။

ကျန်းချန်က အံ့ဩခြင်းနှင့်အတူ ကြောက်ရွံ့နေခြင်းပါ ဒွန်တွဲလျက်ရှိသည်။ အကြောင်းက လူမရှိတဲ့လှုပ်ကုလားထိုင်က လေလည်းမတိုက်ပဲ လှုပ်နေတာကြောင့်ပင်။

ရိပေါဆိုတာ သိသော်ငြားလည်း ကျန်းချန်မှာ ကြောက်စိတ်ကမပြယ်သေးပေ။ မသေခင်က ဘယ်လောက်ပဲ သဘောကောင်းခဲ့ကောင်းခဲ့ ခုကသေသွားခဲ့ပြီ‌ဆိုတော့ သရဲကသရဲပဲလေ။

"ကျန်းချန်မင်းငါ့နဲ့ ခပ်ဝေးဝေး နေစမ်း..စိတ်အိုက်နေရတဲ့အထဲ"

ကျန်းချန်က ယွီပင်းနား အတင်းလိုက်ကပ်ပြီး တိုးထိုင်နေတာကြောင့် ယွီပင်းက စိတ်တိုတိုနှင့် အော်လိုက်ခြင်း ဖြစ်သည်။

"ဟို...ဟို.."

"ကျန်းချန် ကလေးကမင်းကို အန္တရာယ် မပြုပါဖူးကွာ"

"ငါတောင်းပန်းပါတယ်...ငါကြောက်တတ်တာ မင်းလည်း သိသားနဲ့"

"ဒါနဲ့ ရှောင်းကျန့် ရိပေါက ဘုရားစာရွတ်တာ မခံစားရဖူးဆိုတော့ သူက ခရစ်ယာန်ဘာသာဝင်မဟုတ်ဖူးထင်တယ်။ အရင်က ဘာ ဘာသာကိုးကွယ်ခဲ့လဲ တချက်လောက်မေးကြည့်ပါလား"

"ယွီပင်းရာ မင်းမလဲ ကြံကြံဖန်ဖန်ကွာ"

"ဟုတ်တယ်လေကွာ...ဒါနဲ့ ရိပေါကို တချက်လောက်ပြောပေးပါ့လား။ ကျန်းချန်သာ ငါပြောနေတာ လူမရှိပဲ ခုံကြီးက လှုပ်နေတော့ ငါလည်းနဲနဲ ကြက်သီးထလာလို့"

ယွီပင်းစကားအဆုံး ခုံကလှုပ်တာရပ်သွားသည်။ ယွီပင်းအံ့ဩတကြီးနဲ့ ရှောင်းကျန့်မျက်နှာလှမ်းကြည့်လိုက်တော့ ရှောင်းကျန့်က

"ကလေးက မင်းတို့ပြောတာကြားတယ်ကွ"

"ဒါကြောင့် သူခုံပေါ်ကဆင်းပေးလိုက်တာပေါ့...ဟုလား"

"အွန်းဟုတယ်....ခုတော့ မင်းတို့ရဲ့ နောက်မှာ ထိုင်နေတယ်"

"အမေရေ...ကယ်ပါဦး"

🦋 လိပ်ပြာနှောင်ကြိုး 🦋 ***Complete***Donde viven las historias. Descúbrelo ahora