#unicode
#zawgyi"ဦလေးကြီး...."
မိုးလင်းတာနဲ့ သူအိမ်သူယာလိုရောက်လာတတ်ပြီးမျက်နှာပြောင်တိုက်စွာ မနက်စာ လာစားတတ်တဲ့ရှိန်းကိုကို
ဒါမယ့် အားလုံး ခေါ်တာ ပူရှိန်းတဲ့...King ပူရှိန်းဆိုတဲ့ သကောင့်သားတွေ့ရင်ရှောင်တတ်ပြီ။
အစကဆိုတွေ့တာနဲ့ မောင်းထုတ်တိုင်း
လူကြားမရှောင် ဘာမရှောင် ရည်းစားစကားပြောတတ်တဲ့လွန်းလို အခုဆိုရင် မသိသလို ဥပက္ခာပြုထားလိုက်ပြီ....Kingရဲ့ဘဝတွင် ရည်စားစကား လိုက်အပြောခံရပြီးမိန်းမပျိုလေးတစ်ေယာက်လို ရှက်ရမယ်လို့ ဘယ်တုန်းကမှမတွေးဖူးပေ..။
အခုလည်း သူ့အိမ်သူ့ယာလိုစားသောက်နေတာ...
သူမျက်လုံးမှိတ်ပြီး စိတ်ကို ခဏလျှော့လိုက်ပြီး..."ပူရှိန်း..."
"ဗျာ ဗျ..."
"ငါကလူဆိုးနော်... သတ်တာဖြတ်တာဆိုတာ ငါဘဝအတွတ်အသာလေးပဲ..."
"ဘာတွေကို သတ်တာလဲ...ခြင်တွေကိုလား..."
"လာမနောက်စမ်းနဲ့ ငါအတည်ပြောနေတာ...မင်း ဒီလိုမျိုး
ဝင်ထွတ်သွားလာနေတာ ငါတစ်ခုခု လုပ်လိုက်မှာမင်းမကြောက်ဘူးလား..."" နည်းနည်းလေးမှမကြောက်ဘူး...ဘာလို့လဲသိလား...ဦးလေးကြီးရဲ့ နှလုံးသားက တအားနုညံ့တာ ပူရှိန်းခံစားမိလို့်ပဲ..."
အဟမ်း..Kကနုညံ့တယ်..ဟက် ဆိုပြီးတောင်ရယ်ချင်သေး.... ဂိုဒေါင်ထဲကသစ္စာဖောက်ရဲမာန်ရဲ့ အခွက်ကိုသာတာဝေးပြချင်သည်။
လူရုပ်နဲ့ တောင်မတူတော့တာကိုသာ မြင်လို့ကတော့
သွေးပျတ်သွားနိုင်သည်။ဒါမယ့် kသည်လည်း
ဒီကောင်လေးကိုအလျှော့ပေးထားတာ တာဝေးသိသည်။
K စိတ်နဲ့ဆိုရင် ဒီကောင်လေး အသက်ထွတ်သွားတာကြာပြီ
အခုတော့ k က ယုန်ကလေးလိုပင်..."ဦးလေးကြီးပူရှိန်းကိုအလုပ်ပေးပါလား...ပူရှိန်းအလုပ်လုပ်ချင်တယ်..."
"ကိုယ့်ဘာသာစာပဲကြိုးစားစမ်းပါကွာ..မင်းပြောတော့ လူဆိုး
မဖြစ်ချင်လို့စာကျတ်နေတယ်ဆို...""အခုတော့ ပြောင်းသွားပြီ.....ပူရှိန်းက လူဆိုးကြီးကိုချစ်မိမှတော့ ကာကွယ်နိုင်အောင် လူဆိုးလေးလုပ်မှရမယ်လေ...
တိုးတိုးလေးပြောပြမယ်သိလား...အခုဆိုရင်လေ ပူရှိန်းရဲ့
ကျောပိုးအိတ်ထဲ ဓားတောင် ဆောင်ထားနေပြီသိလား..."
YOU ARE READING
Don't Touch my heart
Romanceများများဆိုးလိုက်ပါbae.... ဦးကများများပိုချစ်ပေးမယ်... #ရှိန်းရဲ့ ဦး