#unicode
#zawgyi"ဒီနေ့ မင်းလိုက်ရမယ့် နေရာ ရှိတယ်... Mask"
ကွန်ပြူတာပေါ်တွင်ရွှေ့လျှားနေသော လက်သည်
ရပ်တန့်သွားပြီး ပူရှိန်းkingကိုမော့ကြည့်လိုက်သည်။"ဘယ်ကိုလဲ...."
ချောမောလှပတဲ့မျက်နှာလေးနဲ့မှမလိုက် တည်တင်းနေသော ပူရှိန်းကို kingသေချာစေ့စေ့ကြည့်လိုက်ပြီး....
"ကိုယ်က အစီအရင်ခံတင်ပြပေးေနရမှာလား...."
ပူရှိန်းသည် နှုတ်ခမ်းလေး တွန့်ကွေး သွားရုံ ပြုံးလိုက်ပြီး....
"K က တင်ပြချင်ရင်တောင် ကျွန်တော်အတွက်မလိုပါဘူး....ဒါမယ့် k လိုက်ခိုင်းတဲ့နေရာက ကျွန်တော်အတွက်လုံခြုံစိတ်ချ ရလား ဆိုတာတော့မေးမြန်းရမယ်လေ..."
"လုံခြုံစိတ်ချရမှု....အဟက်...အခုချိန်ထိ kingရဲ့လူဖြစ်တာနဲ့ ဘယ်သူမှမထိရဲသေးဘူး.."
ပူရှိန်း ဘဝင်မြင့်နေတဲ့သူရဲ့အချစ်တုံးကြောင့်
ခေါင်းကိုအသာခေါင်းယမ်း မိလိုက်သည်။
Kingဘာ်လောက်ပါးလစ်နေပါစေ....
သူက်ိုတော့မရိပ်မိဘူးမဟုတ်လား....၊
ဒါဆိုအချစ်တုံးကြီးထက် ပူရှိန်းက တစ်ပန်းသာ နေတာပဲလ်ို့ စိတ်ထဲက မှတ်ယူလိုက်သည်။"ဟေ့...."
သွားစရာရှိတယ်ပြောတာတောင်အခုထိမလှုပ်သေးပဲ ထိုင်နေဆဲ ဖြစ်တဲ့ ပူရှိန်းကြောင့်king
အော်လိုက်သည်။ပူရှိန်းကတော့ အကြောတင်းစွာ မျက်ခုံးတစ်ချက်ပင့်ပြလိုက်ပြီး....
"ဘာလဲ...."
"မင်းကိုအပြင်လိုက်ရမယ်ပြောနေတယ်လေ...မင်းအကြောကဘာလဲ..."
"ဦလေးကြီး ကျွန်တော်ကို ခေါ်တာအဲ့အလုပ်တွေ မပါဘူးနော်..."
"ဦလေးကြီးလို့ မင်းကိုဘာ်သူခေါ်ခိုင်းတာလဲ..."
Kingရဲ့မျက်နှာထားကြောင့် ပူရှိန်းစကားမှားသွားတာသတိထားမိသည်။
"ဒီ...ဒီတိုင်း ကိုယ့်ဦလေးအရွယ်မို့...."
"ဦလေးကြီးဆိုတာ ငါ့ကောင်လေးပဲခေါ်ရတာ...
မင်း နဲ့ မသက်ဆိုင်တဲ့ နာမည် ပဲ Mask..."
YOU ARE READING
Don't Touch my heart
Romanceများများဆိုးလိုက်ပါbae.... ဦးကများများပိုချစ်ပေးမယ်... #ရှိန်းရဲ့ ဦး