Don't touch my heart..."20"

11.1K 1.3K 69
                                    

#unicode
#zawgyi

စံအိမ်ထဲ့သို့ အလျှင်မြန်ဆုံး အရှိန်နဲ့ကားတစ်စီး
ဝင်လာတာနဲ့အားလုံး စီစဥ်မှာကြာထားတဲ့အတိုင်း
ချက်ချင်းပင် kingကို  ကျန်းမာရေးဆောင်ဘက်သို့ခေါ်သွာယကြသည်။
ဒေါက်တာကျော်ရှိန်းနှင့် စံအိမ် ရဲ့ဆရာဝန်
၅ယောက်သည်လည်း အဆင်သင့်ပြင်ဆင်ထားတဲ့ခွဲစိတ်ခန်းထဲသို့ဝင်ကြသည်။

ပူရှိန်း ခွဲခန်းရှေ့တွင် မျက်နှာသေ နဲ့ရပ်နေရင်းမှ...

"Kingအသက်ကို ရအောင်ကယ်ပါ...တကယ်လို့
သူတစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ဒေါက်တာကျော်ရှိန်း
အပါအဝင် စံအိမ်ရဲ့ တာဝန်ရှိတဲ့ဆရာဝန်အကုန်
သတ်ပစ်မယ်...."

"စိတ်ချပါ...kဘာမှမဖြစ်စေရဘူး...ကျွန်တော်အသက်ကိုရင်းပြီး ကတိပေးပါတယ်...."

တည်ကြည်တဲ့မျက်နှာနဲ့ ကျော်ရှိန်းဖြေပြီးတာနဲ့
ခွဲစိတ်ခန်းထဲဝင်သွားသည်။

ခွဲစိတ်ခန်း ရှိ အနီရောင် မီးသီးလေးကို အချိန်အနည်းငယ်မျှ ပူရှိန်းကြည့်ပြီးတာနဲ့ kဂိုဏ်းသားတွေရှိရာသို့သွားလိုက်သည်။

"သခင်လေး...."

ပူရှိန်းရောက်လာတာနဲ့ တာဝေးသည် သူတို့ဂိုဏ်းရဲ့သခင်လေးကိုအရိုအသေပေးလိုက်သည်။

"ဟိုကောင်တွေဘယ်မှာထားထားလဲ...."

သူတို့ရှေ့တွင် ရှိနေသောပူရှိန်းသည် မျက်နှာလေးနှင့်မလိုက်လူသတ်ငွေ့တွေ ပြည့်နှတ်နေတာမို့ ဂိုဏ်းသားတွေမှာတစ်ယောက်မှမလှုပ်ရဲ....။
အထူးသဖြင့် ပူရှိန်းရဲ့လည်ပင်း ဆွဲထားသော
ယခင်ဂိုဏ်းချုပ်ရဲ့ အမျိုးသမီး ဆွဲ ကြ်ိုး...။

"စီရင်ခန်းထဲမှာပါ...."

" king ကိုသေချာစောင့်ရှောက်ထားပါ...."

ပူရှိန်း အထူးကိုယ်ရံတော်အဖွဲ့က်ိုသေချာကြည့်ကာအမိန့်ပေးလိုက်သည်။

"ဟုတ် သခင်လေး "

ပူရှိန်းခေါင်းငြိမ့်လိုက်ပြီး....

"ဦးတာဝေးကတော့ လက်ရွေးစင် ၃၀ကိုစီစဥ်ထားပါ"

အားလုံးက်ို သေသေချာချာစီစဥ်ပြီးတာနဲ့
ပူရှိန်း စံအိမ် ထဲမှ လျို့ဝှက်နေရာတစ်ခုဖြစ်တဲ့
စီရင်ခန်းသို့ ထွက်လာခဲ့သည်။

Don't Touch my heartWhere stories live. Discover now