Don't touch my heart...."13"

12K 1.3K 27
                                    

#unicode
#zawgyi

"သခင်လေး"

ပူရှိန်းအလုပ်ပြီးတဲ့အချိန် သူတို့ရဲ့ဂိုဏ်းကိုခဏပြန်လာခဲ့သည်။
၁နာရီမို့ အတန်း ပြီးချိန်လည်း လိုသေးတာမို့
သူ ကျောင်းကိုလည်းမသွားချင်သေးဘူး...

အမှန်တိုင်းပြောရင်ပူရှိန်း အယောင်ဆောင်ခြင်းလုပ်ကိုမလုပ်ချင်တော့ဘူး.....

Black ဂိုဏ်းက အစဉ်အလာ နဲ့ တည်ငြိမ်တဲ့ ဂိုဏ်းမို့ ပူရှိန်းဝင်သွားတဲ့အချိန်မှာအေးဆေးတည်ငြိမ်နေကြသည်။

နည်းနည်း လှမ်းလှမ်းကိုလျှောက်တဲ့အခါမှာတော
နှစ်ထပ် အိမ် သစ်သားအိမ် အဆောက်အဦးများစွာနဲ့ကလေးတွေရဲ့ လေ့ကျင့်သံအချို့ကို ကြားနေရသည်။

"သခင်လေးပူရှိန်း...သခင်လေးပူရှိန်းပြန်လာပြီ"

၇နှစ်သားအရွယ်ကောင်လေးတစ်ယောက် လေ့ကျင့်လေး နေရင်ပူရှိန်းကိုတွေ့တော့ဝမ်းသာအားရ ထအော်တော့သည်။
ထိုကောင်လေး ရဲ့အော်သံ ကြောင့် လေ့ကျင့်ရေးဆင်းနေတဲ့ကလေးတွေသည် ပူရှိန်းဆီသို့ ပြေးလာကြကာ အားလုံး ဝိုင်း ဖတ်ထားကြတော့သည်။

"ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါကွာ...
ဟားဟ.."

"သခင်လေးက ဒီကို ပြန်လာပြီလားဟင်..အလုပ်တွေအကုန်ပြီးပြီးလားဟင်... သခင်လေးမရှိလည်းကျွန်တော်တို့ လေ့ကျင့်ရေး သေချာလုပ်တယ်နော်...သခင်လေးပြောစကားကို နားထောင်တယ်နော်..."

ပူရှိန်း ကလေးလေးတွေရဲ့ ခေါင်းကိုပွတ်ပေးကာ
ပြုံးနေလိုက်သည်။
ဒီအချိန်က သူ အနေချင်ဆုံး နဲ့အပျော်ရွှင်ဆုံးအချိန်ပါပဲ...
ဒါမယ့် သူမှာ တာဝန်တွေရှိသေးတယ်...
Black ဂိုဏ်းရဲ့အဓိက စည်းကမ်းချက်သည် ကတိတစ်လုံးကိုတည်မြဲရန်သာဖြစ်သည်။

"ဟ..ငါ့ ညီလေးက ဘာလို့ပြန်လာလဲ...
သားသမီးကောင်း တာဝန်ကျေပွန်နေတာမဟုတ်ဘူးလားကွ....ပြောပါအုံးဟန်ဆောင်ကောင်းသူလေးရဲ့...."

"ဒါပေါ့... အကြီးကမှ အကြီးမပီသတာ.... အဲ့တော့ပူရှိန်းက တာဝန်ကျေပွန်ရတာပေါ့..."

"မင်း..."

ဟန်မင်း မျက်နှာ တစ်ချက်ပျတ်သွားသည်။
ဂိုဏ်း ထဲမှာလည်း ဒီကောင်ပဲမျက်နှာ သာရနေတာ... မွေးစားသားချင်း အတူတူတောင်
ပူရှိန်းကအချစ်ပိုခံနေရတာ..့်ကာ လှည့်ထွက်လိုက်သည်။
ပိုမိုစိုးဝါး တဲ့ အရာတွေနဲ့ မင်းဘဝ
စုတ်ပျတ်သတ်သွားစေရမယ် ပူရှိန်း....၊

Don't Touch my heartWhere stories live. Discover now