#unicode
#zawgyi"ကျွန်တော်မတွေ့ချင်ဘူး ဦးသက်ခွန်းနောင်...
သူဘာသာ ဘာပဲဖစ်နေပါစေ....Maskတို့က
စိတ်မဝင်စားဘူးဆိုရင် ငြင်းဆိုတတ်တာ
ဦးသက်ခွန်းနောင်သိမှာပါ...."ဝှီးချဲ ပေါ်မှာထိုင်ကာ connection တစ်ခုနှင့်ချိတ်ဆက်ထားသည့် Auto စနစ်နှင့် တစ်ဖက်မှ
Client ဦးသက်ခွန်းနောင်ကိုချိတ်ဆက်နေသည့်
ခြိမ့်ခြိမ့်ညံ...ဟန်ဆောင်မျက်နှာဖုံးလုပ်ရာတွင် ပူရှိန်းကတော်သည်ဆိုလျှင် အသံတူလုပ်ရာတွင်တော့ခြိမ့်ခြိမ့်ညံသည် ဆရာတစ်ပါးပင်....
မတော်မဆမှုတစ်ခု ဖြစ်ပြီးနောကိပိုင်း
သူသည် ကိုကိုပူရှိန်းရဲ့အသံယောင်ဖန်တီးသူဖြစ်လာသည်။"Kingကိုတွေ့လိုက်လို့Black ဂိုဏ်းတွက်
ကောင်းကျိုးတွေပဲဖြစ်လာမှာ....နောက်ပြီး
သူမင်းတို့အခုတွေ့ကြုံနေတဲ့အခက်အခဲကို
ဖြေရှင်းပေးနိုင်တယ်နော်.."အခက်အခဲလို့ပြောလိုက်တဲ့အခါ ဝှီးချဲပေါ်မှလက်များသည်လက်သီးဆုပ်သဖွယ်တင်းကျပ်စွာ
ဆုပ်ပြီးအံကြိတ်လိုက်မိသည်။ဒီလိုအခက်အခဲထဲရောက်အောင်လုပ်သူသည် သူတို့ ဂိုဏ်းရဲ့အနာဂတ်ကိုဆက်ခံမယ့်
ပထမသခင်လေး ဆိုတာတော့ ခံပြင်းဖွယ်ကောင်းလှသည်။ဘာကိုမှငဲ့စရာမလို တဲ့Black ဂိုဏ်းသည်
အခုတော့ အကြွေး တင်နေသည် မှာ
Dollar 1 Million...."သူကဘာအလုပ်အပ်ချင်တာလဲ...ဆေးလားလက်နတ်လား...."
"Kingဆိုတာ Maskပြောတဲ့ လောကနှစ်ခုလုံးရဲ့ အရှင်သခင်လေ....ဒီအလုပ်နှစ်ခုတွက်တော့ မဖြစ်နိုင်ဘူး...မင်းနဲ့တွေ့မှပြောမယ့်ပုံပဲ....."
"ခင်ဗျားတွက် ဘာအကျိုးအမြတ်ရလို့လဲ
ဦးသက်ခွန်းနောင်...."တိတ်ဆိတ်သွားပုံထောက်ရင်
အကျိုးအမြတ်ကြီးကြီးမားမားရနေပြီဆိုတာ
ခြိမ့်ခြိမ့်ညံ သဘောပေါက်လိုက်သည်။"ကျွန်တော် ပြန်ပြောပေးပါမယ်...."
စောင့်နေပါမယ်ဆိုတဲ့ ဦးသက်ခွန်းနောင်ရဲ့
ပြောသံအဆုံး connection ကိုဖြတ်တောက်လိုက်သည်။
YOU ARE READING
Don't Touch my heart
Romanceများများဆိုးလိုက်ပါbae.... ဦးကများများပိုချစ်ပေးမယ်... #ရှိန်းရဲ့ ဦး