#unicode
#zawgyiကား စံအိမ်ထဲတွင်ရပ်လိုက်တဲ့အရှိန်ကဖြေးဖြေးလေးပေမယ့် ပူရှိန်း ရဲ့အင့် ခနဲဆိုတဲ့အသံလေးကြောင့် ကားမောင်းသူ ဂိုဏ်းသားလေးဟာ
အသက်တောင်မရှူရဲ...။Kingရဲ့ရင်ခွင်ထဲတွင် မှေးမှီထားတဲ့ ပူရှိန်းဟာ
မျက်ဝန်းတွေမှာ ပတ်တီးတွေနဲ့မို့အိပ်ပျော်နေတာလားမသိပေ့မယ့် kingက တော့ မွေးကင်းစ ကလေးလေးနူးနူးညံ့ညံ့လေးသာကိုင်တွယ်လ်ိုက်သည်။အင့်ခနဲတစ်ချက်သာ ညီးညူပြီး ငြိမ်သက်သွားတာမို့ ဆေးရှိန်နဲ့မှေးစက်နေတာ သေချာပြီ။
King စောင်နုနုလေးကို သေသေချာချာ လေး ပြန်ခြုံပေးလိုက်ပြီး ရင်ခွင်ထဲ ထွေးပွေ့ကာ
အဆင်သင့် ဖွင့်ထားတဲ့ ကားပေါ်မှဆင်းသက်လိုက်သည်။သွတ်လပ်လွန်းပါတယ်ဆိုတဲ့kingဟာ ပူရှိန်းကို ထွေးပွေ့ထားတဲ့အချိန်မှာတော့ ခြေတစ်လှမ်း ကို ၁မိနစ်ခန့်ကြာ ပြီး ငြင်သာစွာဖြင့်စံအိမ်ထဲသို့တစ်လှမ်းချင်းဝင်လာသည်။ အမြဲတမ်း တိုက်ခိုက်သံအချို့ နဲ့ ပြည့်နှက်နေတဲ့ စံအိမ် ဟာ ဒီနေ့မှာတော့
အပ်ကျသံတောင် မကျရပေ...။ပူရှိန်းကို အဖြူရောင် မွေ့ယာထပ်တွင်
ဖြေးညင်းစွာ တင်လိုက်ပြီးတာနဲ့
kingဂိုဏ်းရဲspecial doctorဦးကျော်ရှိန်း မှာ
ပူရှိန်းရဲ့ လက်ဖျံကျောလေးတွင် တပ်ထားဆဲ ဖြစ်တဲ့ ဆေးထိုးအပ်လေးမှတစ်ဆင့်
ဆေးပုလင်းပြန်ချိတ်ပေးလိုက်သည်။"K...သူရဲ့မျက်လုံးတွေက"
မာထန်နေတဲ့ မျက်နှာ နှင့် K
"Babe ရဲ့မျက်ကြည်လွှာ ထိခိုက်ထားတယ်...၊
သူ့ရဲ့အမြင်အာရုံ ကောင်းမကောင်းက မသေချာဘူး...ဒါက Blackဂိုဏ်းရဲ့ ဆရာဝန်ပြောတဲ့စကားပဲ...ဒါမယ့်""_"
"အခုရောက်နေတာ Kingရဲ့စံအိမ်...Kရဲ့စံအိမ်မှာတော့ Babe ရဲ့ မျက်လုံးတွေ လုံးဝကောင်းမွန်တာပဲဖြစ်ချင်တယ်..."
Kingရဲ့ စကားကို ကျော်ရှိန်း နာခံလိုက်ပြီး
ချက်ချင်းပင် ပူရှိန်း ရဲ့အခြေအနေကို စစ်ဆေးလိုက်သည်။"ကျွန်တော်တို့ ဂိုဏ်းရဲ့ သခင်လေးကို အကောင်းပကတိဖြစ်အောင်ကြိုးစားပါမယ်...အချိန်တော့ အနည်းငယ်လိုအပ်တယ်K....ပူရှိန်း နိုးလာရငသူအမြင်အာရုံတွေပျောက်ဆုံးနေလိမ့်မယ်..."
YOU ARE READING
Don't Touch my heart
Romanceများများဆိုးလိုက်ပါbae.... ဦးကများများပိုချစ်ပေးမယ်... #ရှိန်းရဲ့ ဦး