#unicode
#zawgyiBlackဂိုဏ်းရဲ့အထူးဆောင်တွင် အခုထိတိုင်မေ့မျောနေဆဲ ဖြစ်တဲ့ ဒု သခင်လေး ပူရှိန်း....။
မိုင်းပေါက်ကွဲမှုကြောင့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားပြီး အထူးသဖြင့်သူ့ရဲ့မျက်ဝန်း
တစ်စုံဟာ အပြင်းထန်ဆုံး ထိခိုက်ဒဏ်ရာရထားသည်။Blackဂိုဏ်းကို ပြန်ရောက်လာတဲ့အချိန်တွင် အပြင်းထန်ဆုံးဒဏ်ရာတွေနဲ့ မို့ပူရှိန်းလက်အောက်မှ ကလေးတွေမှာလည်း ဝမ်းနည်းကာစိုးရိမ်ပူပန်နေကြသည်။
ရင်ထဲမှ ဝမ်းနည်း ပူဆွေးမှုကို ထုတ်မပြတာကတော့ဂိုဏ်းချုပ်ပင်...။ဂိုဏ်းရဲ့အတော်ဆုံးသော ဆရာဝန်များ ခွဲစိတ်မှုကြောင့်အမြင်အာရုံ ချို့ယွင်းမယွင်းကတော့
ဒုသခင်လေးသတိရမှသာ ဆုံးဖြတ်နိုင်မည်ပင်။"စိတ်မပူပါနဲ့သခင်ကြီး...ဒုတိယသခင်လေးက
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူပါ... ဒီအခြေအနေက်ိုသူကျော်လွှားဖို့အင်အားအပြည့်ရှိပါတယ်"သက်ပြင်းချသံပြင်းပြင်းနှင့် Blackဂိုဏ်းခေါင်းဆောင်သည်ကုတင်ပေါ်တွင် ဆေးသွင်းပိုက်မျိုးစုံနှင့်လဲလျောင်းနေဆဲဖြစ်တဲ့သားဖြစ်သူကိုတစ်ချက်ကြည့်လိုက်သည်။
"သူကိုအပြစ်မပေးရသေးဘူး...သူအပြစ်ခံယူဖို့အသက်ရှင်ရမယ်....အကောင်းဆုံးဖြစ်အောင်ကုသပါ"
တည့်ကြည်စွာအမိန့်ပေးပြီး အထူးခန်းထဲက ထွက်သွားတဲ့သခင်ကြီးကြောင့်ဆရာဝန်ကြီးမှာသက်ပြင်းချလိုက်မိသည်။
သခင်ကြီးဘယ်လောက်ပင် ဟန်ဆောင်ဆောင်သူရဲ့စိုးရိမ်ပူပန်မှုတွေကတော့ မိက်ဝန်းထဲမှာအထင်သားမဟုတ်လား....။
တပ်ဆင်ထားတဲ့ ဆေးပိုက်တွေကို သေချာပြန်စစ်လိုက်သည်။
ဘာမှကိုမသိတဲ့ သခင်လေးကတော့ အခုထိတိုင်အောင်မေ့မျောနေဆဲပင်...။
သားဖြစ်သူကို မကြည့်ရက်တော့စွာ အခန်းထဲမှထွက်လာခဲ့တဲ့ Black ဂိုဏ်းရဲ့ အဓိကသခင်ကြီး။
ပူရှိန်းကိုငယ်စဥ်ထဲက မွေးစား ထားပြီး အချစ်ပိုခဲ့ရတဲ့ ကလေးက အခုတော့ အချစ်ကြောင့်မိုက်ရူးရဲဆန်စွာဖြင့် ဂျပန်နိုင်ငံရဲ့ အဓိကဂိုဏ်းချုပ်ကို သွားရောက်ချေမှုန်းသည်တဲ့လား။
YOU ARE READING
Don't Touch my heart
Romanceများများဆိုးလိုက်ပါbae.... ဦးကများများပိုချစ်ပေးမယ်... #ရှိန်းရဲ့ ဦး