part-1

6.5K 363 23
                                    

“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”

Part(1)

****အား…..ဗိုက်ဆာလိုက်တာကွာ…….ဝမ်နင်….စားစရာလေးများမရှိဘူးလား……တပည့်ကျော်ဝမ်နင်ကို ရှောင်းကျန့်တစ်ယောက်ဗိုက်ပွတ်ရင်းမေးမိသည်…….ချစ်တစ်ပည့်ကြီးကတော့ နောက်ဖေးမီးဖိုချောင်ထဲရောက်နေတယ်ဆိုတော့ မျော်လင့်ချက်နည်းနည်းရှိလောက်တယ်……..

****စားစရာလားဆရာ…….ရှိတယ်လေ…….ဧည့်စာရင်းတိုင်ထမင်းနဲ့ ငါးအော်ဒီကလုန်းဟင်း……….

****အမ်…..ဘာလဲဟ….ဧည့်စာရင်းတိုင်ထမင်းနဲ့.ငါးအော်ဒီကလုန်းဟင်း……တစ်ခါမှမကြားဘူးပါဘူး…….ရှောင်းကျန့်မျက်မှန်ကိုပင့်ကာ မီးဖိုချောင်ထဲကိုစိတ်ဝင်တစား ခြေထောက်ချလိုက်သည်……….ဘယ်ကပိုက်ဆံရလို့ ဟိုတယ်စာများမှာထားတာလား………

****ဧည့်စာရင်းတိုင်ထမင်းဆိုတာက မနေ့ကထမင်းကြမ်း…….ငါးအော်ဒီကလုန်းဆိုတာကငပိရည်ကိုပြောတာလေ……ကျိုလိုက်ရင်တစ်ရပ်ကွက်လုံးကိုမွှေးနေတာပဲ……ဟဲဟဲ……စားတော့မလား……

****မင်းကလဲကွာ….နေ့တိုင်းနီးပါးစားနေရတာကိုရှင်းရှင်းပြောပါလား…...အထူးအဆန်းလေးများမရှိဘူးလား……….

****မရှိဘူးဆရာရေ…..ဆရာပေးထားတဲ့စျေးဖိုးကုန်နေပြီ……အခုတော့ရှိတာလေးစားထား…….

****အေးလေ…ရှိတာလေးစား..စားး………….

****ဟဲ့…စုံထောက်ကြီးဦးရှောင်းကျန့်…ဘယ်မှာလဲ……ငါ့ပဲပြုတ်ဖိုးပေးဦး……..တစ်ကယ်ပါတော် တစ်ဆယ်သားဝယ်ပြီး တစ်လလောက်ကြာတယ်ပိုက်ဆံက……….

****ဝမ်နင်….ငါ့ကိုမရှိဘူးပြောလိုက်….ကြည့်ကျက်ပြောနော်…….အဲ့မိန်းမကအိမ်ထဲပြောမရဘူးစွတ်ဝင်လာမှာ…………

****ဟီး….မဘုတ်ဆုံ…..ဘာလဲဗျ……အော်…ပဲပြုတ်ဖိုးလား……..ဆရာခရီးထွက်…ထွက်……ဝမ်နင်တောင်စကားမဆုံးသေး…..အိမ်ပေါက်ဝကနေတိုင်ဖုန်းမုန်တိုင်းလိုခြေထောက်ချဝင်လာတဲ့မဘုတ်ဆုံ…….အဟမ်း….ဝင်လာပြီနော်…..အဟွန်း……..တော်တော်ရောက်နေပြီ………အဟွတ်ဟွတ်……တော်တော်ကိုခရီးပေါက်နေပြီ………အထဲမှာပုန်းနေသောဆရာကိုအချက်ကလဲပြရသေးသည်………..

ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)Where stories live. Discover now