part-3

1.8K 219 26
                                    

“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”

Part(3)

****လူရှိလား……..ဦးရှောင်းကျန့်…..ဝမ်နင်……..ဘယ်များရောက်ကုန်တာလဲ……အိမ်ရှေ့တွင်တော့စာအိတ်တစ်အိတ်ကိုင်ကာအသံပေးနေတဲ့ လူတစ်ယောက်………

****ရှိတယ်ဗျို့…..ဘယ်သူလဲ……အော်…..ရုံးကပဲ……ဘာကိစ္စရှိလို့လဲ………ရှောင်းကျန့်တစ်ယောက်ရုံးစာရေးကိုမြင်ရင်ပဲဝမ်းသာသွားတယ်…..ဒါအလုပ်ရှိပြီဆိုတဲ့သဘောပေါ့……..

****တိုင်းမင်းကြီးကခေါ်ခိုင်းလိုက်လို့ပါဆရာ့ကို……လက်ထဲကစာအိတ်အညိုလေးကိုလက်ကမ်းပေးရင်း စာရေးလေးထွက်သွားတယ်…………

****ဧည့်ခန်းကခုံပေါ်အကျနထိုင်ချရင်းစာအိတ်ကိုဖွင့်ဖောက်လိုက်တယ်……အထဲမှာကတော့ လက်ရေးစာရေးလေးရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့……..

****သို့…စုံထောက်ကြီးဦးရှောင်းကျန့်……ကျွန်ုပ်တို့ထောက်လှမ်းရေးတိုင်းရုံးကြီးကနေလေးစားစွာဖိတ်ကြားပါတယ်……..အခုအခါမှာ အရေးပိုင်မင်းရဲ့နှစ်အိမ်ကျော်တွင်နေ့ခင်းကြောင်တောင်သတ်မှု့ဖြစ်ပွားသွားသောကြောင့်…..အရေးတကြီးစုံစမ်းရေးပြုလုပ်ရန်အကြောင်းကြားလာတဲ့အတွက်ကျွန်တော်များထောက်လှမ်းရေးရုံးကိုယ်စား လေးစားစွာလာရောက်ပေးဖို့ အကြောင်းကြားပါတယ်ခင်ဗျာ…………

****ဝမ်နင်…..ဝမ်နင်…..ဘယ်ရောက်နေပြန်တုန်း……အလုပ်ခေါ်စာရောက်လာပြီဟ……….

****လာပြီဆရာရေ…..ဗိုက်နာလို့အိမ်သာတက်နေလို့ပါ……..ပုဆိုးကိုတောင်ရှည်မြောက်ရှည်ဝတ်ထားတဲ့ပုံစံနဲ့ဝမ်နင်ထွက်လာတယ်……….

****ငါ့မှန်ဘီလူးဘယ်မှာလဲ…….အဲ့တာပါသွားယူ……မြန်မြန်အကျီလဲ…….တော်တော်အရေးကြီးပုံရတယ်……..သွား…သွား…..မြန်မြန်ပြင်ဆင်ရအောင်………..

****မှန်းရင်တစ်ခုမှလဲမနီးစပ်ပဲနဲ့……..တိုးတိုး…တိုးတိုးရေရွတ်ရင်းအနားကလှည့်ထွက်ဖို့ပြင်တုန်း………..

****ဘာကွ…ဝမ်နင်…ငါ့ကိုမကြားတကြားဘာပြောသွားတာလဲ……….

****ဘာမှမပြောဘူးဆရာ…..အမြန်သွားရမယ်လို့ပြောတာ……

ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)Where stories live. Discover now