“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”
Part(5)****မှန်ဘီလူးထုတ်ကာ အလောင်းနားကပ်ပြီး ဟိုရှာဒီရှာကြည့်လိုက်တယ်…..နေပါဦး…သေတယ်လဲပြောသေး….ပြုံးပြုံးကြီးသေတာ……ရှောင်းကျန့်တစ်ယောက်အလှဆုံးအပြုံးနဲ့ဆန့်ဆန့်ကြီးဂန့်နေသော အလောင်းကိုသေချာကြည့်တယ်……..
****ဒါနဲ့လေ ဘယ်သူကသူ့ဇနီးလဲ…..ကျွန်တော်မေးစရာလေးရှိလို့……..
****ကျွန်မတို့ပဲ…..အသံတွေနှင့်အတူ အရွယ် ၂ပါးစုံလင်စွာနဲ့ အခန်းတွင်းသို့ မိန်းမလေးယောက်လောက်ဝင်လာသည်…………….
****ဟမ်….ဒါတွေအကုန်လုံးက ဒီသေဆုံးသူရဲ့ဇနီးတွေလား…..
****ဟုတ်တယ်လေ…ဘာလဲမယုံဘူးလား………
****အဲ…ယုံပါတယ်….လေးယောက်ဆိုတော့…..ဒီလောက်လေ မည်းတူး….အဲ….အနက်ရင့်ရင့်လေးဖြစ်နေတာကိုဘာလို့ကြိုက်ကြတာလဲဟင်……...ပြီးတော့သေဆုံးခါနီးမှာ ဘာတွေလုပ်သွားလဲသိချင်ပါတယ်………….တစ်ဆိတ်လောက်ဖြေပေးပါလား…………
****မသေခင်…..အင်း…ဟုတ်တယ်…မသေခင်မှာသူထမင်းစားသွားတယ်……စဉ်းစားသလိုနဲ့မိန်းမလေးယောက်လုံးစဉ်းစားနေကျတယ်………..
****ဘာဟင်းနဲ့စားသွားတာလဲ……..စာအုပ်လေးထုတ်ကာဖြေသမျှမှတ်ဖို့ရှောင်းကျန့်ပြင်လိုက်သည်….
****အုန်းထမင်းရယ်….ငါးသလောက်ပေါင်းရယ်……အမဲသားဒိန်ချဉ်နှပ်ရယ်…..ငပိရည်…..တညင်းသီး……ရယ်စားတယ်….ပြီးတော့အချိုပွဲကို ဒူးရင်းသီး ၁၀ လုံးခွဲထားတာ စားတယ်…..အုန်းသီး ၅လုံးနဲ့လုပ်ထားတဲ့ကျောက်ကျောတစ်ဗန်းလဲစားသွားတယ်……..
****သေတာတောင်နည်းသေးတယ်…..ရှောင်းကျန့်အသံထွက်လာတယ်………….
****ဘာရှင့်….ပြောပြနေတဲ့ဇနီးတွေထံမှစူပွပွသံထွက်လာတယ်…………
****အော်…ဘာမှဟုတ်ဘူး……ဆက်ပြောပါ…….
****ပြီးတော့သူအိပ်တော့မယ်ဆိုလို့ အခန်းထဲဝင်သွားတော့ ကျွန်မတို့ကလဲသူနဲ့လိုက်တာပေါ့………

YOU ARE READING
ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)
FantasyYizhan ဟာသဇာတ်လမ်းလေးပါ အလွဲလေးတွေနဲ့ရီစရာလေးဖန်တီးထားတာပါ ကိုယ့်ရဲ့တတိယမြောက် fic ကလေးကိုအားပေးကြပါဦးနော်☺️