part-9

1.2K 169 16
                                    

“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”

Part(9)

****ဒုက္ခပဲ….ဦးထော်နန်းလားမသိဘူး…..ဘယ်လိုလုပ်ရမလဲ…..ပုဆိုးကြီးအုပ်နေတာလဲမဖယ်ရဲဘူး…..မတော်ငါ့ကိုသေနတ်နဲ့ပစ်မှ….အခုတောင်သူ့တစ်ပည့်ကသေနတ်နဲ့ချိန်ထားတယ်….ရှောင်းကျန့်ဂုတ်ကိုခွရက်သားနဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့စုံကိုင်ကာညှစ်ထားရင်း ခုန်ချရမလား ဒီတိုင်းဆက်နေရမလားမသိ တွေဝေနေတုန်းမှာပဲ….

****ခေါင်းပေါ်ကဘယ်သူလဲ….မင်းခုထက်ထိမဆင်းသေးဘူးလား….သေနတ်နဲ့ပစ်ချမှဆင်းမှာလား….အခုချက်ချင်းဆင်းစမ်း….ရေမချိုးဘူးလားမသိဘူး…..ငါတော်တော်မူးနေပြီ……တစ် နှစ် သုံး ရေလို့မှမဆင်းရင် ငါမင်းကိုပစ်ချမှာနော်…….တစ် နှစ်…..

****ဆင်းပြီ…ဆင်းပြီ…..အခုပဲဆင်းပြီ..နည်းနည်းထိုင်ကုန်းပေး….အခုအတိုင်းခုန်ချရင် ခြေထောက်ကျိုးမှာ….နည်းနည်းလေးထိုင်ပေး……

****ဝမ်ရိပေါ်နဲ့ဝမ်နင်ကတော့ ရင်တထိတ်ထိတ်နဲ့ဘယ်အချိန်သေနတ်နဲ့ပစ်ချမလဲဆိုတာကို စိုးရိမ်စွာစောင့်နေရင်း အသက်တောင်မရှုရဲပေ……မြင်ကွင်းထဲကရှောင်းကျန့်ကတော့ကြောက်လန့်ခြင်းမရှိစွာပဲ ထိုင်ချပေးလိုက်တဲ့ဦးထော်နန်းခေါင်းပေါ်ကနေပုဆိုးလေးဖယ်ရင်းဆင်းနေတယ်…….

****မင်း…မင်း..ဘယ်သူလဲ…ဘာလို့ငါ့နယ်မြေထဲရောက်နေတာလဲ..အော်…မင်းကငါ့စခန်းကိုလာစုံစမ်းတဲ့ စုံထောက်ဆိုတာလား…..ဦးထော်နန်းကအရှေ့ကရှောင်းကျန့်ကိုလဲမြင်ရောဒေါသတကြီးသေနတ်နဲ့ထချိန်ပါလေရော………

****အယ်….အစ်ကိုကြီးကလဲ….ဘယ်ကစုံထောက်ရမှာလဲ….ကျွန်တော်ကလေ…အယ်ကိုကြီးကအရမ်းချောတယ်…ပြီးတော့အရမ်းလဲ…အဟီး…အရမ်းလဲဆွဲဆောင်မှု့ကောင်းတယ်ဆိုလို့အဲ့တာဟုတ်မဟုတ်လာကြည့်တာ…..သတင်းလာစုတာမဟုတ်ပါဘူး….အယ်ကိုကြီးကိုမြင်ချင်လို့ သက်များက တောတောင်နဲ့ချောင်းကိုဖြတ်ပြီးလာကြည့်တာ မမြင်ရလို့သစ်ပင်ပေါ်လေးတက်ကြည့်တာ ပွက်ချိတ်ကလဲကိုက် ယားကလဲယားနဲ့တစ်ကိုယ်လုံး နီရဲနေတာကို ဟောဒီက အယ်ကိုကြီးက နှလုံးသားမရှိပဲနဲ့ လက်ကြမ်းကြီးနဲ့သေနတ်မောင်းဆွဲပြီး ကျန့်ကျန့်ကိုပစ်တော့မှာလားလို့…အဟင့်……

ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)Where stories live. Discover now