part-10 (final)

2.2K 196 15
                                    

"ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ"

Part(10)

(ဇာတ်သိမ်း)

****ညကဘယ်လိုတွေအိပ်ပျော်ကုန်မှန်းမသိ...ဆိုချင်ရာဆိုတီးချင်ရာတီးပြီး အတင်းတိုက်တဲ့အရက်တွေကိုနင်းဖြဲသောက်ကာ အခုမနက်မိုးလင်းတော့ ရှောင်းကျန့်မထနိုင်တော့..ကိုက်လိုက်တဲ့ခေါင်း...ဘေးပတ်ပတ်လည်မှာလဲရှုပ်ပွနေကာ...အသိတွေပြန်ကပ်တော့ အော်.ငါအဖမ်းခံထားရတာကိုး....စခန်းတွင်းဝေ့ကြည့်တော့အားလုံးက သူ့တို့ခိုင်းထားတာကိုကိုယ်စီလုပ်နေကျသည်....သူတစ်ယောက်ပဲအသစ်မို့လို့ အားနေတာ...တွေးလို့တောင်မဆုံးသေး ရှေ့တည့်တည့်လာရပ်တဲ့ ဆံပင်စုတ်ဖွား ပုကွကွတစ်ယောက်...ဘာလဲလို့ကြည့်ကာ မေးဆတ်ပြတော့....

****လူသစ်မှလား....အခုထမင်းချက်ဖို့တာဝန်ကျတယ်....ကျန်တဲ့သူတွေက မအားလို့ ဒီနေ့မင်းချက်ရမယ့်အလှည့်ကျတယ်...နေဦး..မချက်တတ်လို့မရဘူးနော်...ထမင်းဖြစ်အောင်ချက်ရမယ်...ဒါအမိန့်ပဲ...လိုက်ခဲ့ငါ့နောက်ကို မင်းချက်ရမယ့်စားဖိုဆောင်ပြမယ်....

****သေနာဂျပု...ဖင်ဆောင့်ကန်လို့မြေကြီးထဲဝင်တော့မယ်....တစ်သက်လုံးချက်မစားလာသမျှ ဓားပြတွေကိုထမင်းချက်ကျွေးရမတဲ့...အေးလေ...သူတို့စခန်းပဲ..စိတ်လျော့...ထမင်းဖြစ်အောင်ချက်ရမယ်ပြောတယ်မှတ်လား...ရစေရမယ်...အသာနောက်ကကပ်လိုက်သွားရင်းအတော်တန်ကျယ်သော ထမင်းချက်ဆောင်ဆိုတဲ့ အိမ်တစ်လုံးကိုရောက်လာတယ်....

****ဒီမှာ.ဆန်နဲ့ရိက္ခာခြောက်တွေ..မင်းအဆင်ပြေသလိုချက်...ထမင်းစားချိန်အမှီပြီးစေချင်တယ်......ဟိုဖက်မှာမီးဖိုနဲ့ထင်း...ပြောပြီးတာနဲ့ပြန်ထွက်သွားတဲ့ဓားပြကောင်....

****မီးဖိုခန်းထဲငုတ်တုတ်ထိုင်ရင်း ဘယ်ကစကိုင်လို့ကိုင်ရမှန်းမသိ...အခုမှဝမ်နင်ကိုစာနာမိတယ်...သူချက်ကျွေးတာပဲစားပြီးဂျီးကလဲရှောင်းကျန့်ကထူသေးတာ...ဟိုကြည့်ဒီကြည့်နဲ့အိုးတစ်လုံးထဲဆန်အိုးထဲကဆန်ကိုခပ်ထည့်လိုက်တယ်...အင့်ဟာ..ဘယ်နှစ်လုံးချက်ရမှန်းလဲမပြောသွားဘူး...အင်း...ဆန် ၁၂ဗူးလောက်ထည့်လိုက်မယ်...ရေ..ရေကဘယ်မှာလဲ..အော်.ဟိုမှာ ရေနဲ့တစ်ထပ်ဆေးပြီး.ဘယ်လောက်ထည့်ရမှန်းလဲမသိဘူး...နေဦး..ဒီကိုင်းပုံးတစ်ပုံးဆိုရင်ရလောက်မယ်...ရေပုံးထဲကရေကိုလောင်းထည့် မီးမွှေးတတ်လို့တော်သေးတယ်...မီးဖိုပေါ်တင်ပြီးထားခဲ့တယ်....ဟင်းကဘာချက်ရမှာလဲ...လှည့်ပတ်ရှာတော့ ကြက်ကိုကိုင်ရိုက်သတ်ထားတာထင်တယ်...သုံးကောင်သားအိုးထဲမှာအခန့်သားဆန့်ဆန့်ကြီးထိုင်စောင့်နေကျတာ...ရှပ်အကျီကိုတစ်တောင်ဆစ်ထိခေါက်တင်လိုက်ပြီးအားရပါးရဆောင့်ကြောင့်ထိုင်ကာအမွှေးနုတ်ပြီး အိုးထဲပစ်ထည့်လိုက်တယ်...ပြီးပြီ..လွယ်သားပဲ...အမွှေးအပြောင်သား နဲ့ရှောင်းကျန့် spa အလုပ်ခံထားရတဲ့ကြက်ကလေးတွေကတော့ အကောင်လိုက်ကိုယ်တုံးလုံးလေးတွေနဲ့ဒန်အိုးထဲ ချက်ရန်အတွက်ထိုင်စောင့်နေတယ်...အင်း အစာပလာကဘာထည့်ရမှာလဲ...နည်းနည်းရှာကြည့်တော့စိမ်းရွှေရွှေအနံ့နဲ့ဘာအရွက်လေးတွေလဲမသိတစ်ထုပ်ကြီး...အမွှေးခတ်တဲ့ဟာနေမယ်...အကုန်လုံးထည့်မယ်...ရှိသမျှပစ္စည်းဟိုနည်းနည်းဒီနည်းနည်းဆီအကုန်ပစ်ထည့်ရင်းရေထည့်အုပ်ထားလိုက်တယ်...ထမင်းအိုးပြီးမှတည်ရမယ်လေ...ထမင်းအိုးသွားကြည့်အုံးမှပဲ....

You've reached the end of published parts.

⏰ Last updated: Sep 23, 2020 ⏰

Add this story to your Library to get notified about new parts!

ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)Where stories live. Discover now