part-4

1.4K 204 20
                                    

“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”

Part(4)

****ဝမ်ရိပေါ်ပြောပြီးတာနဲ့တိုင်းမင်းကြီးနဲ့အတူ ရုံးခန်းထဲဝင်သွားတယ်……အနောက်မှာအူလည်လည်ကျန်ခဲ့တဲ့သူကိုတွေးရင်းပြုံးမိတယ်…..သူ့ကိုမြန်မာစကားမတတ်ဘူးထင်နေလားမသိ……ပညာတော်သင်သွားရင်းအခုမှမြန်မာပြည်ပြန်ရောက်တာ…….ပြန်ရောက်ရောက်ချင်းပဲတာဝန်ထမ်းဆောင်ဖို့ကို အကြောင်းကြားခံရလို့ သူဒီကိုရောက်လာတာ……..ခပ်တည်တည်နေတတ်တဲ့သူက ရောက်ရောက်ချင်းပဲ ရုံးပေါက်ဝတွင်ပြုံးမိတယ် သဘောကျစရာတော့ကောင်းသားပဲ ဒီရုံးက………..

****မင်းကြီး…စောနကတစ်ယောက်က စုံထောက်မှတ်လား……..သူ့ကြည့်ရတာ ပျော်ပျော်နေတတ်ပုံပဲ……အတူလျောက်လာတဲ့ တိုင်းမင်းကြီးကိုပဲ စပ်စုရတော့တယ်……….

****အော်…မစ္စတာရှောင်းကျန့်လား……သူကအလုပ်လုပ်တာတော်ပါတယ်…..တစ်ခါတစ်လေလွဲတာလေးကလွဲလို့……သဘောလဲတော်တော်ကောင်းတယ်……ဆရာတစ်ပည့်နှစ်ယောက်လုံးကပျော်ပျော်နေတတ်ကျတယ်……အိုင်ပီပျော်မှာပါဒီရုံးမှာ………..

****ဝမ်နင်အဲ့တစ်ယောက်ဝတ်စားထားတာတော်တော်မိုက်တယ်နော်…….ငါတို့လဲအဲ့လိုမျိုးလေးဝတ်ရအောင်…….ကာကီရောင်ဘောင်းဘီအရှည် နက်ကတိုင် လောင်းကုတ်အနက်ကြီးနဲ့ ဦးထုပ်ကလဲ မိုက်တယ်……ခက်တာကမြန်မာစကားလေးမပြောတတ်တာနှမြောဖို့ကောင်းတာ……….

****ဆရာ….ဆရာကအဲ့လိုဝတ်မလို့လား……ပုဆိုးလေးပဲကောင်းပါတယ်ဗျာ….ဘယ်လောက်ကောင်းလဲ လေဝင်လေထွက်လဲကောင်း….ပူရင်လဲကတောင်းကျိုက်ထားလို့ရတယ်…..လေလည်လဲ အဝတ်မနံဘူး……..မိတ်အင် မြန်မာပဲကောင်းပါတယ်ဗျာ…..ကိုယ်နဲ့လဲလိုက်တာလဲမဟုတ်ပဲနဲ့မဝတ်ချင်ပါနဲ့ဆရာရယ်…..

****ကဲဟာ…ဖုန်း…..အဲ့လောက်ကြီးငါ့ကိုအမွှန်းတင်ရလား…..မင်းအမွှန်းတင်လို့အရောင်တောင်တော်တော်ထွက်နေပြီ…….

****နောက်တစ်နေ့မနက်တွင်တော့ တိုင်းရုံးထဲဆရာတစ်ပည့်နှစ်ယောက်သား စကားတစ်ပြောပြောနဲ့လက်ကလဲ မုန့်စိမ်းပေါင်းစားရင်း ဝင်လာတယ်…..စားနေရင်းရှောင်းကျန့်မျက်လုံးတို့က စားပွဲမှာထိုင်နေတဲ့ ဆားပုလင်းဆိုသူကိုတွေ့လိုက်တယ်…..မနေ့ကနာမည်တောင်မမေးလိုက်ရဘူး….သွားမိတ်ဆက်လိုက်ဦးမယ်……

ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ