“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”
Part(8)
****ထမင်းစားသောက်ပြီးသောသကာလ…..ရှောင်းကျန့်လက်ပေကြီးကို အသင့်ပါလာသောရေဗူးထဲကရေနဲ့ဆေးလိုက်ရင်း လက်သုတ်တစ်ဖြစ်လဲ ပုဆိုးနဲ့ခပ်မြန်မြန်သုတ်ပစ်လိုက်တယ်….ဝမ်ရိပေါ်နဲ့ဝမ်နင်ကတော့ ထမင်းကိုနောက်ကနေကျားလိုက်သလိုစားပြီး အလျင်လိုနေတဲ့ရှောင်းကျန့်ကို မသက်မသာလှမ်းကြည့်ကြတယ်….သူတို့ကတော့ခုမှစားလို့ကောင်းတုန်း…..ရှောင်းကျန့်ဘယ်သွားမယ်ကိုသိတာကြောင့်သူတို့စိတ်ညစ်နေကျတာ…တားလို့ကလဲမရ…..
****ငါခဏလေးစမ်းကျအိုင်ဖက်သွားလိုက်ဦးမယ်…..ကိုယ်လက်သွားသန့်ချင်လို့…..အသိပေးပြီးတာနဲ့လမ်းပြလက်ညှိုးထိုးပြထားတဲ့တောလမ်းဖက်ကိုသုတ်ချေတင်လိုက်တယ်……မိနစ် ၂၀ လောက်တောတိုးပြီးတဲ့အချိန်မှာတော့….ဝါး…လှလိုက်တာ…..ကြည်လင်နေတဲ့ရေကန်နဲ့တစ်သွင်သွင်ကျနေတဲ့တောင်ကျစမ်းကိုတွေ့လိုက်တယ်…..စမ်းအိုင်ဆိုတော့သိပ်တော့မနက်လောက်ဘူးမလား….ရှောင်းကျန့်အဝတ်တွေအမြန်ချွတ်ပစ်လိုက်တယ်….အားကောင်းမောင်းသန်အားကိုးချင်စရာ နံရိုးပတ္တလားလေးက ဖြူဖွေးနေတဲ့ခန္ဓာကိုယ်ပေါ်မှာ ဂုဏ်ဆာစွာထွက်ပေါ်လာတယ်…..ရှောင်းကျန့်လက်မောင်းကိုနှစ်ချက်လောက်ဟန်ပါပါ လွှဲလိုက်ကာဘောင်းဘီအတိုလေးအောက်က စာကလေးခြေထောက်ရှည်လေးလဲသွေးပူအောင်လုပ်လိုက်တယ်…..အားရပါးရပြုံးလိုက်ရင်းကြည်လင်နေတဲ့ရေတိမ်တိမ်ကလေးထဲကို လွှားခနဲ ဒိုင်ဗင်ထိုးချလိုက်တယ်……….
****ဗွမ်း….ဖရူး…ဖရူး….ရေထဲကိုတစ်မေ့တစ်မော မြုပ်ဝင်သွားပြီး ခဏတစ်ဖြုတ်ပြန်ပေါ်လာမှရှောင်းကျန့်လန့်သွားတယ်….ငါလခွမ်း….အနစ်ကြီးဟ….ရေကူးကအဲ့လောက်ကျွမ်းတာမဟုတ်….အေးစိမ့်နေတာကလဲလူတစ်ကိုယ်လုံးရေခဲတုံးနဲ့ဝိုင်းညှပ်ထားသလိုပဲ…..အ..အ…နာလိုက်တာ…..ဘာကောင်လဲဟ…..အောက်ပိုင်းကဘောင်းဘီတိုနားတစ်ဝိုက်မှာ အပ်နဲ့ထိုးသလိုတဆစ်ဆစ်နာလို့ ကမ်းစပ်ဖက်ကိုကူးကာ ပေါင်နားကိုကြည့်လိုက်တယ်……အား….အမေကယ်ပါ….ငါးကအစွယ်လေးနဲ့ရှောင်းကျန့်ဘောင်းဘီကိုအတင်းကိုက်နေတယ်…..ဘာငါးမှန်းလဲမသိ….အ..အား…နာတယ်ဟ…..သောက်ရမ်းကိုက်ရလား……ရေထဲကနေလဲမတတ်နိုင်သေးတာကြောင့်ငါးကိုက်နေတာကိုအတင်းဆွဲခွာရတယ်…..အ….ရှေ့နားကငါးကိုဆောင့်ဆွဲဖြုတ်လို့အပြီးမှာတော့နောက်ကတင်ပါးနားကဆစ်ကနဲဖြစ်သွားတော့လှည့်ကြည့်လိုက်တော့….အမ်မလေး…အများကြီးပဲ….ဟ..ဟ..ကိုက်တယ်ဟ…..အသားကိုသွားသေးသေးလေးတွေနဲ့ဝိုင်းကိုက်နေကျတာများ ပွဲစျေးမှာမုန့်အလကားဝေလို့အလုအယက်တိုးနေသလိုပဲ…….အား…….ရှောင်းကျန့်ငယ်သံတောင်ပါသွားတယ်…..မအော်ပဲရှိမလား…မွေးရာပါလေးကို ငါးကောင်လောက်ဝိုင်းတွတ်ထလိုက်ကျတာ…လူဆိုတာအသားတောင်ဆတ်ဆတ်တုန်သွားတယ်……ရေစပ်ဖက်ကိုအမြန်ကူးရင်း ကမ်းဖက်နားရောက်ခါနီးတော့……….

BINABASA MO ANG
ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)
FantasyYizhan ဟာသဇာတ်လမ်းလေးပါ အလွဲလေးတွေနဲ့ရီစရာလေးဖန်တီးထားတာပါ ကိုယ့်ရဲ့တတိယမြောက် fic ကလေးကိုအားပေးကြပါဦးနော်☺️