“ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ”
Part(2)
****ဆရာ…ထမင်းစားရအောင်…..ခြေထောက်မှာရောင်စုံထုံးသုတ်ထားသလို…ထုံးရယ်…ပရုတ်ဆီရယ်….ဘယ်ခေတ်ကလက်ကျန်မှန်းမသိတဲ့ ဒေါ်သောင်းစိန်ဆေးမြစ်စုံလက်ကျန်တွေရယ် လူးထားတာ လူကအခုမှ ကြင်စဦးမောင်နှံအိပ်ခန်းထဲရောက်နေသလို ရှိန်းခနဲပူလာလိုက် အေးခနဲဖြစ်သွားလိုက်နဲ့ ဖီလ်းကအတော်ခံလို့ကောင်းတာ……ဘယ်ခြေထောက်လေးစုတ်ပြတ်သတ်နေတာလေးကလွဲလို့ပေါ့လေ……..
****အေး..အေးလာပြီ……….ရှောင်းကျန့်တစ်ယောက်ထမင်းခူးခပ်ပြင်ဆင်နေတဲ့ဝမ်နင်ရှိရာနောက်ဖေးဆောင်ကို ဘရိတ်ဒန့်ကသလိုမြောက်ကြွမြောက်ကြွနဲ့လျောက်ဝင်သွားသည်……ရွတယ်လို့တော့မထင်ပါနဲ့…အမှန်ကအိမ်သာကြမ်းပေါက်ကျွံတုန်းကပေါင်ရင်းထိညပ်သွားလို့ ဖွားဖက်တော်ရွှေဘဲဥ တစ်ခြမ်းပါထိသွားလို့လူကအဲ့လိုဖြစ်နေတာပါ………….ဘဲဥအဆံချောင်သွားမသွားကတော့နောက်မှပဲနေရောင်ပြကြည့်ရမယ်………….
****ထမင်းစားပွဲဝိုင်းလေးအတူထိုင်ရင်း….ဟင်းခွက်တွေစီမျက်စိရောက်တော့….အံမယ်….ကန်စွန်းရွက်ပလိန်းပကန်လေးရယ်…..မနက်ကပြောတဲ့ငါးအော်ဒီကလုန်းဖျော်ရယ်…….ကန်စွန်းရွက်ပြုတ်ရယ်…….မဆိုးပါဘူး…..နှစ်ယောက်သားမိန်ယှက်စွာစားလို့ဗိုက်ကိုအင်အားဖြည့်လိုက်တယ်………..
****ဒါနဲ့..ဝမ်နင်….စျေးဖိုးကုန်ပြီဆိုပြောတော့……ကန်စွန်းရွက်တောင်ဝယ်ကျော်ထားတယ်ဆိုတော့ ……..လက်သုတ်ဝတ်လေးနဲ့စိုနေတဲ့လက်ကိုသုတ်နေရင်းချစ်တစ်ပည့်ကြီးကိုအမေးမြန်းထူရသေးတယ်………..စားပြီးပြီကိုး……..
****ဆရာ….ကျွန်တော်အပြင်ထွက်တာမြင်လား……..
****မမြင်ဘူးလေ…..ငါလဲအဲ့တာပြောချင်တာ…အိမ်ရှေ့ပေါက်ကတစ်ပေါက်တည်းဖောက်ထားတာလေ…..မင်းဘယ်အပေါက်ကနေစျေးဝယ်ထွက်သွားတာလဲ………ငါမမြင်လိုက်လို့…………
****ဆရာဟာလေ….လုပ်တော့စုံထောက်……မှန်းလိုက်တိုင်းတစ်လွဲချည်းပဲ……..ဘယ်အပေါက်ကမထွက်ဘူး……ကန်စွန်းရွက်ကြော်စားလို့ကောင်းတယ်မှလား……………….
YOU ARE READING
ဆားပုလင်းဝမ်ရိပေါ်နှင့်စုံထောက်ကြီးရှောင်းကျန့်တို့၏တစ်လွဲနေ့ရက်များ(Complete)
FantasyYizhan ဟာသဇာတ်လမ်းလေးပါ အလွဲလေးတွေနဲ့ရီစရာလေးဖန်တီးထားတာပါ ကိုယ့်ရဲ့တတိယမြောက် fic ကလေးကိုအားပေးကြပါဦးနော်☺️