Zawgyi..
အမည်မဖော်တတ်တော့..အချစ်
အပိုင်း၂၆"ဒေါက်..ဒေါက်...ဖေဖေမေမေ..ဒေါက်ဒေါက်ဒေါက်..''
ရှင်းဖန်သည်လှေကားကနေအမြန်ပြေးတက်လာကာသူ့အဖေနဲ့အမေအခန်းတံခါးကိုအဆက်မပြက်ခေါက်နေလေသည်..အခုအချိန်အားဖြစ်မနက်သုံးနာရီပဲရှိသေးသည်မို့လို့ရှင်းဖန်ရဲ့အဖေရောအမေရောလန့်သွားရသည်..ရှင်းဖန်အမေတံခါးဖွင့်ပေးလိုက်တော့ရှင်းဖန်သည်သူ့အမေလက်ကိုဆွဲးပြီးသူလဲအလောတကြီးပြေးလာသည်မို့လို့အတော်လေးမောဟိုက်နေသည်..
"အမေ..အမေ..ရှောင်ကျန်..ရှောင်ကျန်ကိုခေါ်လို့မရတော့ဘူး..လုပ်ပါဦး..''"သူအိပ်ပျော်သွားလို့နေမှာပါသားရယ်...''
"မဟုတ်ဘူးအမေ..သားအကြာကြီးခေါ်နေတာသူမနိုးဘူး..သားတုတ်သေးသေးတစ်ခုယူပြီးသူ့ကိုပစ်လိုက်တာလဲသူမနိုးဘူး..နောက်ပြီးဘာတွေပြောနေမှန်းလဲမသိဘူး..''
ရှင်းဖန်အမေလဲလန့်သွားလေသည်..သူ့ယောက်ကျားကိုကြည့်ပြီး
"ဘယ်လိုဖြစ်တာလဲ..အကိုသွားကြည့်ကြရအောင်း..''သားအဖသုံးယောက်သည်အလောတကြီးပြေးဆင်းသွားကြသည်..
အမှန်အတိုင်းပြောရရင် ရှင်းဖန်အဖေနဲ့အမေလဲတစ်ရေးမှမအိပ်ရသေးပေ..ညနေကတည်းကရှောင်ကျန်ငိုအသံကြားတော့စိတ်မကောင်းသလို အရမ်းလဲစိတ်ပူနေမိသည်..ရှောင်ကျန်အိမ်အပြင်မှာငိုနေတာလဲတွေ့သည် သို့သော် ထိုအချိန်မှာရှောင်ကျန်ကိုသွားခေါ်လိုက်လို့သူ့အမေသိသွားရင်ရှောင်ကျန်အတွက်ဒီထက်ဆိုးသွားမှာလဲကြောက်သည်.........
ခြံအောက်ရောက်လာတော့ မြေကြီးအပေါ်မှာကျုံ့ကျုံ့လေးအိပ်ပျော်နေတဲ့ရှောင်ကျန်ကိုတွေ့လိုက်ရသည်..ရှင်းဖန်အဖေသည် အုတ်တံတိုင်းကနေကျော်တက်သွားပြီး ရှောင်ကျန်ကိုယ်ကိုကိုင်လိုက်တော့လန့်သွားလေသည်..
"ခလေးတော်တော်အဖျားတက်နေတာပဲ..ဆေးရုံပို့မှရမယ်..''ရှင်းဖန်အဖေသည်ရှောင်ကျန်ကိုပွေ့ချီပြီး ယွီစီကခြံတံခါးတော့ခတ်ထားသည်မို့လို့ အုတ်တံတိုင်းအပေါ်ကနေသူ့မိန်မစီကိုလက်လွှဲးပေးလိုက်သည်..
ထို့နောက် ဒီအချိန်ကားမရှိတော့ကြောင့် ရှင်းဖန်အဖေရှောင်ကျန်ကိုပွေချီထားရင်ဆေးရုံသို့ပြေးလာကြသည်..
ရှောင်ကျန်သည်တစ်လမ်းလုံးမှာလဲ ရှင်းဖန်အဖေကိုသူ့အမေထင်ပြီး
"အမေ..မရိုက်ပါနဲ့တော့..နာတယ်...တောင်းပန်ပါတယ်..မရိုက်ပါနဲ့တော့..''ဆိုပြီးယောင်နေလေသည်..
YOU ARE READING
"အမည်မဖော်တတ်သော....အချစ်''(completed)
Fanfictionမင်္ဂလာပွဲဆင်နွှဲးတဲ့နေ့မှာ ရိပေါ်၏သတို့သမီးနေရာ ရှောင်ကျန်မထင်မှတ်ပဲရောက်သွားသည့်အခါမှာတော့.. မင်္ဂလာပွဲဆင်နွှဲးတဲ့နေ့မှာ ရိပေါ်၏သတို့သမီးနေရာ ရှောင်ကျန်မထင်မှတ်ပဲရောက်သွားသည့်အခါမှာတော့..