part31-together..

726 57 8
                                    

(Zawgyi)

အဖြစ်မှန်တွေ ရိပေါ် သိသွားပြီးနောက်ရှောင်းကျန့်
နေ့ရက်တွေက အဆင်ပြေပြေပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ရိပေါ်ကို လိမ်ပြီး သွားစရာလည်း မလိုတော့ဘူး။ဆေးလည်း ခိုးသောက်စရာ
မလိုတော့ဘူး။

ရိပေါ်က သူ့ကိုအပြစ်တင်စကားတစ်ခွန်း
မဆိုခဲ့ဘူး။ကိုကို့ကိုနားလည်ပါတယ်ပဲပြောတယ်။
ရှောင်းကျန့်ကိုလည်းကိုယ့်ကိုယ်ကိုအပြစ်မတင်ဖို့ ၊နောက်ဘာကိစ္စရှိရှိသူ့ကိုပြောဖို့အထပ်ထပ်
ကတိတောင်းတယ်။

ခုနောက်ပိုင်းရိပေါ်ကသူ့ကိုမျက်စိအောက်ကကို
အပျောက်မခံတော့ဘူး။ခနလေးပျောက်သွားတာနဲ့ တန်းလိုက်ရှာပြီး မျက်ရည်ကျတတ်တယ်။ သူ့မှာ toilet ဝင်တာအဆုံး ရိပေါ်ကို ခွင့်တောင်းပြီးမှ ဝင်ရတာ။သူ့ကလေးလေးကိုတကယ်မငြိုငြင်ရက်ပါဘူး သူ့ကိုချစ်လွန်းလို့ဆိုတာသိနေလို့။

ကင်ဆာဆေးသွင်းနေချိန် အရမ်းနာကျင်နေရင် ရိပေါ် လက်ကိုတင်းတင်းဆုပ်ပြီး တောင့်ခံတယ်။
အဲဒီအချိန်နာကျင်ရတာသူဆိုပေမယ့် ရိပေါ်က မျက်ရည်လေးစမ်းစမ်းစမ်းစမ်းနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတတ်တယ်။ရိပေါ်ကိုတဖန်
ပြန်အားပေးရတာသူ့အတွက်ပိုလာတဲ့
အလုပ်လေး။

ဖြူဖျော့ပြီး ပျော့ခွေသွားတဲ့သူ့ကို ရိပေါ်က
ပွေ့ခေါ်ပြီးအိမ်ပြန်သွားတတ်တယ်။ရိပေါ်ကိုယ်သင်းနံ့လေးကိုမျက်လုံးမှိတ်လို့ရှူရှိုက်ရင်းအိမ်ကို
ဘယ်အချိန်ပြန်ပြန်ရောက်သွားမှန်းမသိဘူး။

"ရိပေါ်..ကောလုံးဝမနာဘူးသိလား၊
ရိပေါ်ဘေးနားရှိနေရင် ကောနည်းနည်းလေး
တောင်နာတယ်လို့်မခံစားရဘူး၊ကောအဆင်
ပြေပါတယ်..နော်"

"ရိပေါ်မျက်ရည်ကျရင်သာ
ကောနာကျင်လွန်းလို့ပါ၊ မငိုနဲ့တော့နော်၊ ကလေးလေးက လိမ္မာရက်သားနဲ့"

ဒါကဆေးသွင်းတိုင်းဖြစ်နေကျမရိုးတဲ့
ဖြစ်ရပ်လေး။ ဘေးနားက ဆရာဝန်ကြီးနဲ့ သူနာပြုတွေကတော့ ခေါင်းပဲယမ်းပြီး ကြည့်နေရတယ်။ ဘယ်နှယ့် လူနာက တစ်ဖန်ပြန်အားပေးနေရတယ်။

ရိပေါ် က မျက်ရည်တွေပွတ်သုတ်ပြီး ရှောင်းကျန့်ကိုရယ်ပြကာ သူ့လက်ကိုပိုတိုးပြီး တင်းတင်းဆုပ်ကိုင်တယ်။

I Wanna Grow Old With YouМесто, где живут истории. Откройте их для себя