part 5

1.2K 93 13
                                    

(Zawgyi)

"မုန့်ယောင်နဲ့ မန်နေဂျာနဲ့ က သူငယ်ချင်းတွေလား"

"ဟုတ်တယ်ကျန်းချန်ကော၊ငယ်ငယ်လေးက
တည်းကသူငယ်ချင်းတွေ၊ရိပေါ်ကိုနိုင်ငံခြား
ပို့တော့ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့တာ၊
ကျွန်တော်ကuniတက်မှရိပေါ်နောက်လိုက်သွား
တာ၊ကျွန်တော်ကတစ်ဦးတည်းသောသားဆိုတော့ အဖော်သိပ်မက်တာရယ် "

ပြောပြီးရယ်နေသောမုန့်ယောင်ကိုအကုန်လုံးငေး
ကြည့်မိသည်။မုန့်ယောင်ကချစ်စရာကောင်းတဲ့ typeထဲပါသည်။ရယ်လိုက်ရင်ပါးချိုင့်လေးနှစ်ဘက်နှင့်စကားပြောတာလည်းတော်တော်ချစ်ဖို့ကောင်းသည်။သူနဲ့ခနလေးစကားပြောလိုက်တာနဲ့ရင်းနှီးသွားအောင်လုပ်နိုင်စွမ်းရှိသည်။

ရိပေါ်ကတော့ထုံးစံအတိုင်းသူရှေ့ကရှောင်းကျန့်ကိုသာစူးစိုက်ကြည့်နေသည်။ဒီလူသားကအသက်သုံးဆယ်နားနီးတယ်ဆိုတာသူမယုံနိုင်သေး။ခုလည်းအစာစားနေတာပါးလေးကတစ်လှုပ်လှုပ်နဲ့။ဟို
ဟာလေးကောက်စားဒီဟာလေးကောက်စားနဲ့
တော်တော်စိတ်ဝင်တစားနေတဲ့ပုံလေး။စားနေရင်းအစပ်စားမိသည်ထင့် ရှုံ့မဲ့သွားတဲ့မျက်နှာလေး။ ဒါကြောင့်သူရှေ့ကရေခွက်ကိုကမ်းပေးလိုက်
သည်။

ပါးစပ်လေးဟပြီးသူ့ကိုကြောင်ကြည့်နေပုံကဖြစ်
ညှစ်ပစ်ချင်စရာလေး။ရိပေါ်ကတော့သူမဟုတ်သလိုထမင်းကိုပြန်ငုံ့စားနေလိုက်သည်။ဟိုသုံးယောက်တော့ထုံးစံအတိုင်းပေါက်ပေါက်ဖောက်နေတာနဲ့သူတို့နှစ်ယောက်ကိုသတိမပြုမိသေး။

"ဟို ကျန်းချန် ငါ အရင်သွားနှင့်မယ်၊ ဝယ်စရာလေးရှိလို့"

ပြောပြီးထရပ်လိုက်တဲ့သူ့ကို ရိပေါ်ကမျက်မှောင်
ကြုံ့ကြည့်နေသည်။မုန့်ယောင်ကလည်းကြောင်တောင်တောင်ကြည့်နေ၍...

"အာ.ရှောင်ကျန့်ကအစာပြေစားဖို့မုန့်တွေ ထမင်းစားပြီးတိုင်းstarbuckမှာသွားဝယ်နေကျ၊သူက အလုပ်လုပ်ရင်း ခနတိုင်းမုန့်စားတတ်တယ်"

ကျန်းချန်ကဝင်ရှင်းပြနေ၏။

"အဲဒါဆိုငါသွားပြီနော်၊မန်နေဂျာ ကောင်းကောင်းစားခဲ့ပါ"

I Wanna Grow Old With YouDove le storie prendono vita. Scoprilo ora