part24-will you marry me?....

793 58 7
                                    

(Zawgyi)

ရိပေါ်ဆိုသည်မှာ သူခွင့်ယူရုံတင် အားမရလို့ ရှောင်းကျန့်ကိုပါခွင့်ယူခိုင်းကာရှောင်းကျန့်နား
မှာကပ်နေတယ်။ဥက္ကဌဝမ်ကအလုပ်ထုတ်ရင်ဘယ်
လိုလုပ်မလဲဆိုလည်းအေးဆေး။YAMAHAမှာရှယ်ယာထည့်ထားသည့်အပြင်၊U.Sကသူ့သူငယ်ချင်းဖွင့်ထားတဲ့ဆိုင်ကယ်ရောင်းတဲ့companyမှာပါ
စပ်တူရှယ်ယာထည့်ထားတဲ့အတွက်စိတ်ပူစရာမလိုဟုဆိုတယ်။အဲဒါတွေအားလုံးကသူ့ပါးပါး
ပိုက်ဆံတွေတစ်ပြားမှမပါတာမို့သူ့ပါးပါးထိ
မရဘူးလို့လည်းဆိုသေး။

အစကတော့သူ့နားမှာကပ်နေပြီးခုတော့ပြိုင်ပွဲ
နီးနေတာမို့လေ့ကျင့်စရာရှိသည်ဟုဆိုကာထွက်
သွားတတ်တယ်။အခုလည်းရှောင်းကျန့်တယောက်
အခန်းထဲမှာတစ်ယောက်တည်းကျန်ခဲ့တယ်။သူ
တစ်ခါမှစိတ်မဝင်စားဖူးတဲ့racingပြိုင်ပွဲကိုထိုင်
ကြည့်နေကာပျင်းလာတယ်။

ဒီလိုအန္တရာယ်များတာတွေမှရိပေါ်ကစိတ်ဝင်စားတာကိုမတားချင်၊ရိပေါ်အရူးအမူးဖြစ်နေတဲ့ဝါ
သနာမလား။အကွေ့တစ်ကွေ့ကိုရိပေါ်ကွေ့လိုက်
တိုင်းသူ့မှာရင်တလှပ်လှပ်ဖြစ်ကာကျန်ခဲ့တယ်။
ရိပေါ်ကဆိုင်ကယ်တင်မဟုတ်ဘူးစကိတ်ကိုပါ
ရူးသွပ်သေးတာ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာမဆိုစိတ်ဝင်စားပြီးတန်းတတ်လွယ်တာဘာ
လေးမှန်းမသိဘူး။

ရှောင်းကျန့်ကတော့အဲဒီလိုပင်ပန်းတာတွေ
တစ်စက်ကလေးမှစိတ်မဝင်စားဘူး။

"အလုပ်ကလည်းမသွားရ၊ရိပေါ်ကလည်း
မရှိနဲ့..အဲတော့ငါကဘာသွားလုပ်ရမှာလဲ၊သူက
ကျဆိုင်ကယ်တစ်စီးနဲ့လမ်းသလားနေတယ်၊ ငါ့ကျတော့ရော.."

ရှောင်းကျန့်တစ်ယောက် တစ်ယောက်တည်းပွစိ ပွစိပြောနေကာ tvမှာလာနေတဲ့ရိပေါ်ပုံကိုကြည့်
ပြီး ရန်ထောင်နေမိတယ်။

"design ဆွဲတာပဲကောင်းတယ်"

စာကြည့်ခန်းထဲဝင်ကာအမောင်ရှောင်းကျန့်တို့
designဆွဲဖို့အကျအနပြင်နေတယ်။ပြီးတော့ပွစိ
ပွစိပြောပြီးအခန်းတံခါးကို လော့ချလိုက်တယ်။

"ငါ့ကိုတစ်ယောက်တည်းထားထားခဲ့တာ၊ ဒီတစ်ခါတော့စိတ်ပူလိုက်ဦး..."

I Wanna Grow Old With YouWaar verhalen tot leven komen. Ontdek het nu