(Zawgyi)
ဆေးရုံပြတင်းပေါက်ကမြင်နေရတဲ့ရှုခင်းလေးကသိပ်လှလွန်းတာမို့ ရှောင်းကျန့် ငေးနေမိတယ်။ မိုးကတစိမ့်စိမ့်ရွာနေတာမို့ စောင်ကို ရင်ဘတ်ထိ ဆွဲခြုံရင်း အရေးတကြီး ဖြေရှင်းစရာကိစ္စကြောင့်
company ကိုသွားရတဲ့ သူ့ကလေးလေးကို တွေးမိသွားတယ်။ကလေးလေးအဆင်ရော
ပြေရဲ့လား။တံခါးဖွင့်သံကြောင့် ရိပေါ်လာပြီထင်ပြီး ရှောင်းကျန့်လှည့်ကြည့်မိတော့ ထင်မထားတဲ့သူမို့ ရှောင်းကျန့်အံ့သြသွားတယ်။
ပါးစပ်ကလည်းနာမည်တစ်ခုကိုတီးတိုးရေရွတ်
လို့။တာကာရှီ....။တာကာရှီကလက်နှစ်ဖက်ကိုဘောင်းဘီအိတ်
ကပ်ထဲထည့်လို့ပြုံးကာသူ့ဆီလျှောက်လာနေတယ်။ နောက်ကလည်းခြွေရံသင်းပင်းများစွာနဲ့..။"မင်း..မင်း..ဘယ်လိုရောက်လာတာ"
အလူးအလဲထတော့ အားမရှိတဲ့ခန္ဓာကိုယ်က ခွေယိုင်ကျသွားတယ်။
တာကာရှီကအပြေးအလွှားရောက်လာပြီးထူ
ပေးကာ။"ရှောင်း..အချစ်ကလေး...ဘာတွေအလန့်တကြား
ဖြစ်နေတာလဲကွာ"ထူပေးတဲ့လက်တွေကြား အတင်းရုန်းထွက်တော့ ထိုသူက သဘောတကျခပ်ဟဟရယ်ပြန်တယ်။
သူ့ကို ဖက်ထားတဲ့သန်မာတဲ့လက်တွေက ပိုမိုတင်းကျပ်လို့..။"ကိုယ့်ရှောင်းကနေမကောင်းတာတောင်
အကြောကတင်းနေတုန်းပဲနော်၊ ကိုယ်ကလည်း အဲဒါလေးတွေကိုကြွေနေရတာ..ဟင်းဟင်း""မင်း..လွှတ်စမ်းပါ..ငါမကြိုက်ဘူး"
တာကာရှီကသဘောတကျရယ်ကာအသာတ
ကြည်လွှတ်ပေးပြီး ဖြူလျှော့နေတဲ့မျက်နှာလေး
ကို အမြတ်တနိုးငေးကြည့်မိရင်း ဘေးနားက ခုံပေါ်ထိုင်လိုက်တယ်။"ရှောင်းကောင်လေးရော..အပြင်သွားတာလား"
တာကာရှီပါးစပ်ကရိပေါ်အကြောင်းထွက်လာတာမို့ ရှောင်းကျန့်ရင်ထဲမှထိတ်ခနဲ။ တာကာရှီက အကြောင်းမဲ့လူရှေ့မထွက်တတ်။ဒီတစ်ခေါက်
တရုတ်ကိုလာတာဘယ်နည်းနဲ့မှသွေးရိုးသားရိုး
လာခြင်းမဟုတ်နိုင်။ဘာလို့ဒီချိန်မှအချိန်ကိုက်
လာရတာလဲ။
![](https://img.wattpad.com/cover/219693250-288-k57175.jpg)
KAMU SEDANG MEMBACA
I Wanna Grow Old With You
Romansaလူတစ်ယောက်ကိုကိုယ့်အသက်ထက်ပိုချစ်မိသွားတဲ့အခါကိုယ့်ဖြစ်တည်မှုကိုမသိတော့ပဲသူ့ကိုပဲကာကွယ်ပေးချင်တော့တယ်...... own story Fan Fiction