The beginning of two

315 17 2
                                    

Unicode ver

Singto side

ကျွန်တော်က Uniတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ ကျောင်းအပြင်မှာအဆောင်နေတယ် မိဘတွေဆီကို ပြန်လေ့သိပ်မရှိဘူး တစ်ယောက်တည်းနေရတာက အထီးကျန်ဆန်ပေမယ့် မိထွေးနဲ့ သူ့သားသမီးတွေကို ကျွန်တော်မမြင်ချင်ဘူး ထောက်ပံ့ပေးတာကလွဲရင် ကျွန်တော်လိုချင်တဲ့ ဂရုစိုက်မှုတွေ နွေးထွေးမှုတွေကိုမပေးတဲ့အဖေ့ကို မမုန်းပေမယ့်လည်း မချစ်ဘူး

ဒီလိုအကြောင်းပြချက်တွေကြောင့်ပဲ အိမ်ကို မပြန်ချင်ဘူး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Singto တစ်ယောက်စာမေးပွဲဖြေပြီး အဆောင်ကိုပြန်လာတယ် ထုံးစံအတိုင်းကျောင်းပိတ်လည်းအိမ်မပြန်ဖြစ်ဖို့ကသေချာနေတယ် သူလမ်းလျှောက်နေရင်းနဲ့အော်သံလေးတစ်ခုကြားလိုက်တယ်

"အသံကြားပြီးအကောင်မတွေ့ပါလား"

"ညောင်...."

သံရှည်စွဲပြီးအော်တဲ့ ကြောင်လေးရဲ့အော်သံအဆုံးမှာတော့ ကြောင်လေးကသူ့ခြေထောက်တွေကြားမှာ ပွတ်သတ်နေတာကိုတွေ့လိုက်တယ်  Singto ကကြောင်ချစ်တက်တဲ့သူမဟုတ်ပေ့မယ့် ဖြူဖြူဖွေးဖွေးနဲ့ လုံးတစ်နေတဲ့ ကြောင်လေးကို တွေ့လိုက်တော့ သဘောကျမိတယ် မျက်လုံးလေးတွေကထူးဆန်းစွာပဲအပြာရောင်လေးဖြစ်နေတယ် သူ့ကိုစိုက်ကြည့်နေတဲ့ကြောင်လေးရဲ့မျက်လုံးတွေက သူ့ကိုခေါ်သွားပါလို့ပြောနေသလိုပဲ

"သူ့မျက်လုံးတွေက ငါ့ကိုခေါ်သွားခိုင်းနေသလိုပဲ နေစမ်းပါဦးငါရူးများရူးနေတာလား"

သူမယုံကြည်နိုင်ဖြစ်နေပေမယ့်ကြောင်လေးကတော့ သူ့ကိုစိုက်ကြည့်လိုက် သူ့ခြေထောက်ကို ခေါင်းလေးတွေနဲ့ပွတ်သတ်လိုက်လုပ်နေတုန်းပဲ

"ခေါ်သွားလိုက်ရမလား"

"မ‌ဖြစ်သေးပါဘူး အဆောင်မှာကြောင်တွေ ခွေးတွေ မွေးလို့မရဘူး"

"ဒါပေမယ့်သူကချစ်စရာလေး ထားခဲ့လိုက်ရင်သနားဖို့ကောင်းမှာ"

"ဒါပေမယ့် သူများတွေသိသွားရင်ဘယ်လိုလုပ်မလဲ"

"မသိတော့ဘူးကွာ ခေါ်သွားလိုက်မယ် နောင်ခါလာနောင်ဈေးပဲ"

Neko(The cat)Where stories live. Discover now