⚛ _ 1

9K 457 27
                                    

ဆောင်းတွင်းရဲ့ ညတစ်ည ဟာ သာမန်အချိန်တွေထက်ပို အသဲခိုက်မတတ်အေးတယ် ။ အဆက်မပြတ်ကျဆင်းနေတဲ့ နှင်းဖြူဖြူတွေဟာလဲ မြေပြင်ထက်နေရာမလပ် ၊ တစ်ဝှီးဝှီး တိုက်ခိုက်နေတဲ့ အေးဆိပ်ဆိပ်လေပြေဟာလည်း ထိုအရပ်က လူတိုင်းကို စောင်ထဲက မထွက်ချင်အောင်ပင် ခြိမ်းခြောက်လျှက်ရှိ၏..။

သို့ပေမယ့် ရှောင်အိမ်တော်ထဲရှိ အနောက်ဆောင်အပြင်ဘက် မှာတော့ ထိုအေးစက်လွန်းသည့် အဖြူရောင်နှင်းများအကြား ဝတ်ရုံပါးလေးနှင့် ဒူးထောက်လျှက်ရှိသော လူငယ်လေးတစ်ယောက်ရှိသည် ။ အအေးဒဏ်ကို အံတုကာ ကိုယ့်လက်မောင်းကိုယ် လက်ချောင်းဖြူသွယ်သွယ်လေးများနှင့် ပြန်လည်ဖက်တွယ်ထား၏ ။ တစ်ချက်တစ်ချက် တိုက်ခတ်သော လေပြေကြောင့် ပုတုန်းရောင် ဆံကေသာနှင့် အဖြူရောင် ဝတ်ရုံပါးလေး လူးလွင့်လျှက်ရှိသည် ။ ပြာနှမ်းနေသည့် နှုတ်ခမ်းများအောက် မေးရိုးလှလှကလေး တုန်ရီနေပုံအရ ထိုလူငယ်လေး မည်မျှချမ်းနေသည်ကို သိသာသည် ။ ထိုနေရာ၌ ဒူးထောက်နေသည်မှာညနေကတည်းက ယခုချိန်ထိ ၄ နာရီလောက်ရှိလောက်ရောထင် ...။

" ဦးရီးတော် ကျတော် ခဗျားကို မုန်းတယ် ''

တုန်ရီနေသည်ကြား ထိုလူငယ်လေး နှုတ်မှ ခပ်တိုးတိုး ထုတ်အံလာသော အမုန်းစကား အချို့....။ တဖြည်းဖြည်း ပြစ်လဲပြစ်လိုက်ချင်သော စိတ်အစုံကို တတ်နိုင်သလောက်ထိန်းကာ အေးခဲကိုက်ခဲနေသော ဒူးအား စုပ်ကိုင်မိသည် ။ သို့သော် မှုန်းဝါးလာသော အမြင်အာရုံနဲ့ မူးဝေလာသော ခေါင်းကို မထိန်းနိုင်တော့..ထိုနေရာ၌ ပင် ကွေးကွေးကလေး ပြစ်လဲသွား၏..။

" ရိပေါ်..!! "

မျက်လုံး တွေမှိတ်မပြစ်ခင် စိုးရိမ်စိတ်နဲ့ ပြေးလာတဲ့လူတစ်ယောက်ကို သူနောက်ဆုံးမြင်လိုက်ရ၏ ။ နှင်းတွေကြားထဲကသူ့ကို ဝတ်ရုံထူထူခြုံပေးကာ ဒူးအောက်က လက်ဝင်ကာ ပွေ့ချီသည် ။

ဦးရီးတော်..?? စိတ်ထဲက ပျော်ရွှင်မှုကို ခံစားရတော့ ဒီလူ့အပေါ် ရိပေါ်အမုန်းတွေက အလုံးစုံ အသုံးမဝင်ခဲ့ဘူး ။ သတိမလစ်ခင် ရိပေါ် နှုတ်ခမ်းတွေ တွန့်ကွေး လိုက်မိသည် ထင်..။

Toxic Love Where stories live. Discover now