[edited - ကိုယ်မေကိုယ်စိုင်းရဲ့ သီချင်းပါနော်။ မဖတ်ဘဲ ကျော်သွားပေးကြပါ။ Boycott ရမယ့် လူပါ]
အသက်တွေကြီးလာတဲ့အခါ ဆယ်ကျော်သက် အမှတ်တရတွေက တသသလွမ်းဆွတ်ဖွယ်ပဲ။ ပျော်ခဲ့ ပါးခဲ့ ငိုခဲ့ ယိုခဲ့ အသည်းတွေကွဲခဲ့နဲ့။ အဲ့တုန်းကတော့ ကိုယ့်ကိုကိုယ် အဓိကဇာတ်ကောင်ကြီးပါပေါ့။ ဒါပေမယ့် ကြာလာတော့ အားလုံးက ရေးရေးသာကျန်တဲ့ မှတ်ဉာဏ်တွေပါပဲ။
ရှောင်းကျန့်က အခု သူငယ်ငယ်က တက်ခဲ့တဲ့ ပေကျင်း တက္ကသိုလ်ရှေ့ရောက်နေတယ်။ တက္ကသိုလ်ဆိုတာထက် ဆယ်ကျော်သက်ရှောင်းကျန့်ရဲ့ ဆိုးချင်တိုင်းဆိုး မိုက်ခဲ့ချင်တိုင်းမိုက်ခဲ့တဲ့ ဒုတိယအိမ်ပေါ့။ အခုတော့ ရှောင်းကျန့်က လူကြီးလူကောင်းဖြစ်နေပါပြီ။ ဂေါ်လီရှောင်းကျန့်ကနေ ကုမ္ပဏီခပ်ကြီးကြီးတစ်ခုရဲ့MDရာထူးနဲ့ ဂုဏ်သရေရှိ လူကြီးမင်းရှောင်းကျန့်ဖြစ်နေပြီ။ အေးလေ...ဆယ်နှစ်ဆိုတဲ့ အချိန်က နည်းသလားဗျ။
အခုလို နွေဦးရာသီမှာ ကျောင်းကြီးကို တစ်ယောက်ထဲ ငေါင်ငေါင်ကြီး ငေးကြည့်နေခြင်းဟာ ရှောင်းကျန့်စိတ်ကို ကြည်နူးသလိုလို...ဝမ်းနည်းသလိုလို...ဗိုက်ဆာသလိုလို...အိမ်သာတက်ချင်တာလိုလို...ခံစားချက်မျိုးပေးတယ်။ ရှောင်းကျန့်ကလည်း ထွေထွေထူးထူး စဉ်းစားမနေပဲ စိတ်တွေကို အတိတ်တွေဆီ လွတ်လပ်စွာစီးမျောခွင့်ပေးလိုက်တယ်။
~🍂
"စွဲလမ်း၊ ကြင်နာရသောဘဝတစ်ခုမှာ အမြဲတမ်းလိုချင်နေတဲ့ စိတ်ကူး
အရူးမူးပိုင်ဆိုင်ချင်တယ် အချစ်တစ်ခု
မင်းလေး မမြင်ချင်ယောင်ဆောင် လျစ်လျူရှု"ရှောင်းကျန့်က ပဲပင်ပေါက် ဓာတ်လိုက်ထားသလိုလက်ရေးနဲ့ ဘယ်က ကြားဖူးမှန်းမသိတဲ့ စာသားတစ်ချို့ကို စာရွက်ဖြူဖြူပေါ် ကူးထည့်နေတယ်။ ပြီးတာနဲ့ စာအိတ်ထဲထည့် တံတွေးစွတ်ကာ ချိတ်ပိတ်ချလိုက်တယ်။ ဆေးလိပ်ဝယ်တုန်းက "အကိုရေ ဒါလေး သုံးကြည့်ပါ" ဆိုပြီး ဆေးဆိုးပန်းရိုက် ကောင်မလေးက sample ပေးလိုက်တဲ့ အပေါစားရေမွှေး ကိုလည်း ဆွတ်လိုက်ဖို့မမေ့။