ခေါင်းလောင်းလေးတွေမြည်နေပြီ+တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည် [U]

3K 332 64
                                    

ဟန်နိုင်ငံ​၏ ဆောင်းရာသီ နံနက်ခင်းအချိန်တွင် နန်းတော်အတွင်း၌ နှင်းမှုန် နှင်းစက်များ ကျဆင်းနေပြီး မြေပြင်၊ နန်းဆောင်အမိုးနဲ့ သစ်ပင်သစ်ခက်တို့ အထက်တွင်လည်း ဆီးနှင်း ဖြူဖြူတို့ ဖွေးဖွေးစွတ်လျက်ရှိသည်။

​နန်းတော်​၏ အရှေ့ဘက်ပိုင်းတွင်တော့ ဆယ့်နှစ်ရာသီလုံး ချယ်ရီပန်းများ ဝေဆာနေအောင် ပွင့်သည့် ချယ်ရီပင်ကြီးကို ထိန်းသိမ်းထားရာ ဥယျာဉ်ကြီးတစ်ခုရှိလေသည်။ ထို ဥယျာဉ်ကြီးမှာ ဘုရင့်နန်းဆောင်ထက်ပင် အဖိုးတန်လှသည်ဟု နန်းတွင်းအမှုထမ်းများ တီးတိုးပြောလေ့ရှိသည်။ အကြောင်းမှာ ထို ဥယျာဉ်ပိုင်ရှင်က တစ်နိုင်ငံလုံး​၏ ချစ်သည်းသက်ညှာ အိမ်ရှေ့စံမင်းသားလေး ဝမ်ရိပေါ် ဖြစ်နေသောကြောင့်ပင်။

အိမ်ရှေ့စံလေးမှာ သူ အသက်ရှစ်နှစ်အရွယ်တွင် ဖခင်မင်းကြီးဝမ်ထံမှ ထိုဥယျာဉ်ကြီးကို မွေးနေ့လက်ဆောင်အဖြစ် လက်ခံရရှိခဲ့သည်။

ယခုဆိုလျှင် မင်းသားလေးမှာ အသက်ဆယ့်ရှစ်နှစ်ပင်ပြည့်ခဲ့ပြီ။ အိမ်ရှေ့စံမှာ အမျိုးသားတစ်ဦးဖြစ်သော်ညား ဖြူဖွေးစင်ကြယ်သော အသားအရေ၊ ကြည်တောက်နေသော မျက်ဝန်း၊ သွယ်လှသော ခြေချောင်း လက်ချောင်းများပိုင်ဆိုင်ထားပြီး ပါးမို့မို့မှာလည်း ချယ်ရီပန်းများနှင့်အပြိုင် ပန်းရောင်သန်းလျက် ခန့်ညားသည်ပြောရမည်ထက် လှပလွန်းလှသည်။ နောက်ပြီး...အိန္ဒြေကြီးပြီး အရှက်သည်းသေးသည်။

မင်းသားလေးမှာ မနက်ခင်းအချိန်အခါတွင် ဥယျာဉ်ထဲရှိ ကျွန်းစားပွဲကြီး၍ စာပေများ ဖတ်ရှုလေ့လာလျက် ရှိသည်။ ဘေးတွေတော့ အထိန်းတော်များနှင့် အပျိုတော်များ ခစားနေကြသည်။ အေးမြသော ရာသီဥတုအခြေအနေရှိတာကြောင့် မင်းသားလေးမှာ အဖြူရောင်သားမွေး ဝတ်ရုံကြီးထဲတွင် နစ်မြုပ်လျက်။ အအေးဓာတ်လျော့ပါးစေရန်တော့ အငွေ့တထောင်းထောင်းထနေသည့် စံပယ်ပန်း လက်ဖက်ရည်က အဖော်ပြုလျက်ရှိသည်။

ဒီမနက်မှာတော့ မင်းသားလေးကို ကြည့်ရသည်မှာ စိတ်တည်ငြိမ်နေပုံမရ။ ထိုသို့ဖြစ်နေသည်မှာ လွန်ခဲ့တဲ့သုံးရက် နန်းတော်တွင် အမတ်ငယ်များ ရွေးချယ်ပြီးသည့် ရက်ကပင် ဖြစ်ပေသည်။ မင်းသားလေးမှာ စားပွဲပေါ်တွင် အိန္ဒြေကြီး တစ်ခွဲသားဖြင့် စာအုပ်ထူကြား ခေါင်းနှစ်ထားသော်လည်း ခြေနှစ်ချောင်းမှာမူ စိတ်လှုပ်ရှားမှုဖြင့် လှုပ်ခတ်နေသည်။

Tales from Songs (Zhanyi One Shot Collection)Donde viven las historias. Descúbrelo ahora