(AN. ဒါလေးက Our_euphoria_Zhanyi မှာ တင်ဖူးပြီးသားပါ။ ဒါပေမယ့် Tales from songs Typeလေးဖြစ်နေတာကြောင့် ဒီထဲမှာ ထပ်ပြီး သိမ်းလိုက်ပါတယ်လို့။ မဖတ်ရသေးရင် ဖတ်သွားပေးကြပါအုန်း ဟီးဟီး)
"ဟာ...ချလေ! ဟေ့ရောင် ဘာလို့ ပြေးနေတာလဲ။ လာကူဦး။"
"Shit!!!! ငါ lag နေတာ။ ရွှေ့မရဘူး။"
"-ီးထဲမှပဲ။ ရှုံးပြီ"
ရိပေါ်က သူ့အိမ်နဲ့တစ်လမ်းထဲမှာရှိသည့် ရှောင်းကျန့်အိမ်သို့လာကာ ဂိမ်းလာဆော့ခြင်းဖြစ်သည်။ အထက်တန်းပထမနှစ်အပြီး ကျောင်းတွေပိတ်ထားတုန်းဆိုတော့ အားနေကြသည်လေ။
ဆော့နေရင်းရှောင်းကျန့်ဘက်မှ lagနေတာကြောင့် ဂိမ်းရှုံးသွားသောအခါ ရိပေါ်က ဆဲဆိုလို့ ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်သည်။ သူကိုယ်တိုင်လည်း ကုတင်ပေါ် ပစ်လဲချလိုက်သည်။
"ရှောင်းကျန့် မင်းကြောင့်ရှုံးတာ။ မင်း အသုံးမကျလို့။"
"ဟေ့ကောင် ငါ lag နေတာလို့ပြောနေတယ်လေ။ ပြီးတော့ မင်းနော်။ အကြီးကို အကြီးလိုဆက်ဆံ။ ရိုင်းစိုင်းနေတာများကြားမကောင်းဘူး။"
"အသက်ပဲကြီးပြီး ဦးနှောက်က ဖွံ့ဖြိုးမလာတာ။ ငါကဘာလို့ ရိုသေရမှာလဲ"
"မင်းနော်!!! သေမယ်"
"အား...ရှောင်းကျန့်!!! ဖယ်လို့...အဟားဟား....ယားတယ် ဖယ်ပါဆို"
မဲ့ရွဲ့ကာ ဘုပြောပြောနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်က ကုတင်ပေါ်ပြေးတက်လို့ ရိပေါ်ကို အုပ်မိုးကာ ကလိထိုးလိုက်သည်။
"ကြောက်ပြီလား။ ကျန့်ကောလို့ခေါ် "
"မခေါ်ဘူး။ မင်းမညစ်နဲ့။ အဟား...လွှတ်တော့လို့! ယားတယ်လို့"
ရှောင်းကျန့်ရဲ့ သန်မာတွေတဲ့လက်တွေရဲ့ထိန်းချုပ်မှုကြား ဝမ်ရိပေါ်က လူးလွန့်လို့။ အတော်လေး ရုန်းနေတာကြောင့် ဝမ်ရိပေါ်လည်း မှတ်လောက်ပြီထင်ပြီး ရှောင်းကျန့်က ကလိထိုးကျီစယ်ခြင်းကို ရပ်တန့်လိုက်သည်။ သို့ပေမယ့် အုပ်မိုးထားရာကနေတော့မဖယ်သေး။ ရယ်သံနဲ့ မောဟိုက်သံတွေထွက်နေတဲ့ ဝမ်ရိပေါ်ကို စိုက်ကြည့်နေလိုက်သည်။