[edited - မေဘေး ဖလုတ်ရိုစ့်ရဲ့ သီချင်းပါ။ ဒီ Fic ကို မဖတ်ဘဲ ကျော်သွားပေးကြပါနော်။ Boycottရမယ့် လူပါ]
လူတွေ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမထက်မှာ ရှောင်းကျန့်က ဂစ်တာတလက်နဲ့ သီချင်းထိုင်ဆိုနေတယ်။ သူ့ရှေ့မှာ ဖွင့်ချထားတဲ့ ဂီတာအိတ်ထဲမှာတော့ အကြွေစေ့ နှစ်စေ့သုံးစေ့ နေရာယူလျက်ရှိတယ်။
ပထမတစ်ပုဒ်အနေနဲ့ All of me သီချင်းကို ဆိုတယ်။နောက်တစ်ပုဒ်အနေနဲ့ It's you
တတိယ အပုဒ်အနေနဲ့ Say you won't let go...
သူလူတွေကြိုက်လောက်မယ့် သီချင်းတွေပဲ ရွေးဆိုတယ်။ ဒါတောင် သူ့ရှေ့က အိတ်ထဲမှာ အကြွေစေ့က သုံး၊ လေးစေ့အပြင် ထပ်မတိုးလာဘူး။ရှောင်းကျန့် သီချင်းဆိုတာ ရပ်လိုက်တယ်။ မနက်ဆိုတော့ ဗိုက်ဆာတယ်လေ။ မနက်စာစားရမယ်။ ဒီလောက်ဆို မနက်စားစားဖို့တော့ ရမယ်ထင်တာပဲ။
ရှောင်းကျန့်က အသက်၂၈ရှိနေပေမယ့် သူက အခုထိ အလုပ်လက်မဲ့ တစ်ကောင်ကြွက်ရယ်။ အနုပညာမေဂျာနဲ့ ဘွဲ့ရထားပြီး သူရတဲ့ ဘွဲ့နဲ့ကိုက်ညီတာပဲ လုပ်မယ်ဆို တင်းခံနေတာ။ ဘယ်အတည်တကျရှိတဲ့ အလုပ်ကိုမှ ဝင်မလုပ်မိတဲ့အထိပဲ။ Agency တွေမှာ Audition ဖြေမလားဆိုတော့လည်း စာချုပ်စာတန်းဘာညာတွေက သူနဲ့ မကိုက်ပါ။ သူက ရှုပ်ရှုက်ယှက်ယှက်တွေ သိပ်မုန်းတာ။ သူ့စိတ်ထဲမှာ သူဆိုချင်စိတ်ရှိတဲ့ သီချင်းတွေကို ဖိအားမပါပဲ ဆိုချင်တာ။ အဲ့တော့လည်း ဟိုကြုံရာ စားသောက်ဆိုင်မှာ ဂစ်တာလေး တီးလိုက်၊ ဒီပွဲကခေါ်ရင် သီချင်းသွားဆိုပေးလိုက်နဲ့ အပျော်တမ်း ဘဝနဲ့ ရပ်နေတယ်ပေါ့။
အခု မနက်ခင်းမှာ ဒီလိုပိုက်ဆံရှာရတယ်ဆိုတာကတော့ မနေ့က သူတီးပေးနေကြ စားသောက်ဆိုင်က အလုပ်ပြုတ်ခဲ့လို့ပဲ။
ဘာလို့ ပြုတ်ခဲ့တာလဲဆိုတော့ သူ့ကို သီချင်းလှည့်ဆိုတဲ့ကောင်ဆိုပြီး မထိတထိလာနိုမ်တဲ့ ငကြောင်တစ်ကောင်ကို ထိုင်ခုံနဲ့ ဆွဲရိုက်မိလို့။ ဖြစ်ချင်တော့ သူသီချင်းဆိုတဲ့ဆိုင်သူဌေးရဲ့ ဘော်ဒါဖြစ်နေတယ်လေ။
သီချင်းသုံးပုဒ်လောက်တီးပြီးတဲ့အခါ ရှောင်းကျန့်က ဂစ်တာကို ကောက်သိမ်းလို့ နီးရာ Fast Food ဆိုင်ကို ထွက်လာလိုက်တယ်။ Burger တစ်လုံးကို ရေတစ်ဘူးနဲ့ မြောချအပြီးမှာတော့ သူအလုပ်အသစ်ရှာဖို့ ခရီးဆက်ရမယ်။ မဟုတ်ရင် သူနေနေတဲ့ တိုက်ခန်းလေး ပိုင်ရှင်လက်ထဲ ပြန်အပ်ရကိန်းဆိုက်နိုင်တယ်။
.
.
.
.