ရှောင်းကျန့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုတို့နဲ့အတူ အသိပြန်ဝင်လာခဲ့တယ်။ မှိတ်ထားတာကြာပြီဖြစ်တဲ့ သူ့မျက်လုံးတွေကို တဖြည်းဖြည်း ဖွင့်ကြည့်တော့ သူ့ကို စိုးရိမ်တကြီး ကြည့်နေတဲ့ ကောင်လေး တစ်ယောက်။ ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့... သူဆေးရုံခန်းထဲရောက်နေခဲ့တာပဲ။
"ကိုကို...ကိုကို သတိပြန်ရလာပြီလား။ ကျွန်တော့်ကို မြင်လား။"
ရှောင်းကျန့်က သူသတိရရချင်း သူနဲ့ လုံးဝ မသိကျွမ်းဖူးတဲ့ ကောင်လေးတစ်ယောက်က သူ့ကို "ကိုကို...ကိုကို" တစာစာ ခေါ်နေတာကြောင့် စိတ်ရှုပ်သွားတယ်။
"မင်းက ဘယ်သူလဲ?"
"ဟမ်...ကိုကို..နောက်နေတာလား။ မရီရဘူးနော်....ကိုကိုကလည်း။"
"ငါနောက်နေတဲ့ ပုံစံပေါက်နေလို့လား"
ရှောင်းကျန့်ရဲ့ ပကတိ တည်ကြည်နေတဲ့ မျက်နှာထားနဲ့ အမေးစကားမှာ ရိပေါ်က မျက်ရည်တို့ ရစ်ဝဲလာတယ်။ ဒါ ကိုကိုနောက်နေတာ မဟုတ်ဘူးပဲ။
"ရှောင်းကျန့်! မင်းသတိရလာပြီလား"
ရိပေါ်က တစ်ခုခု ပြောရန် ပြင်လိုက်ပေမယ့် ရှောင်းကျန့်သူငယ်ချင်း ဒေါက်တာကျိုးချန်က ဝင်လာတာကြောင့် စကားစတို့ ပြတ်သွားတယ်။
"ကျိုးချန်။ အေး ငါအခုပဲ သတိရတာ"
'ဒါနဲ့ ဒီကောင်လေးက ဘယ်သူလဲ'
ရှောင်းကျန့်ရဲ့ ခပ်တိုးတိုး အမေးမှာ ကျိုးချန်က တအံ့တဩ။ ရိပေါ်ကို လှည့်ကြည့်တော့လည်း မျက်လုံးမှာ မျက်ရည်ဥတွေ သီလို့ သူတို့ကို ကြောင်အအနဲ့ ကြည့်နေတယ်။'မင်း အတည်ပြောတာလား'
'အေးပေါ့။ မင်းတို့တွေ ငါ့ကို နောက်နေတယ်ပဲ ထင်နေကြတာလား'
'ခဏလေး။'
ကျိုးချန်က ရှောင်းကျန့်ကို ခဏစောင့်ခိုင်းပြီး ရိပေါ်ကို အကျိုးအကြောင်းပြောကာ အိမ်ပြန်လွှတ်လိုက်သည်။ ရိပေါ်ကတော့ မျက်ရည်တစမ်းစမ်းနဲ့ "ကျိုးချန်ကော ကယ်ပါဦး" သာပြောနေတာမို့ အတော်ကို ချော့ယူလိုက်ရသေးတယ်။
.
.
.
.
.
.
ရှောင်းကျန့်က သူသတိရလာကတည်းက သူ့ဦးနှောက်ကို မရပ်မနား အလုပ်ပေးနေတာ နာရီပေါင်းများစွာ ကြာသည့်တိုင် ထိုကလေးကို သူမမှတ်မိပါ။