4

4.9K 328 9
                                    

Zawgyi
________

Lice တနေ့တာအတွက် မလုပ်တော့ဖူး ဆုံးဖြတ်ထားတဲ့ အရာတွေ ပြန် Run ပြီး တော်တော်မောပြီး အိပ်ပျော်သွားတယ်။

စုတ်ပြတ်သက်နေတဲ့အိမ်ကြီးထဲ ယိုင်နဲ့နဲ့ နဲ့
လမ်းဆက်လျှောက်ရင်း ဘာစားစရာများရှိမလဲလို့ ရှာကြည့်တော့ ဘာမှမတွေ့။

အေးလေ ဘယ်ရှိမှာလဲ မနက်က ဆေးဝယ်လိုက်တာ ကုန်ပြီလေ ရှိသမျှ ပိုက်ဆံ။ တခုခုတော့ ထုတ်ရောင်းရအုံးမှာပဲ။ Mino ဆီက ချေးလို့ကလဲ မဖြစ်တော့။ အကြွေးတွေက ထူလပစ်နဲ့။ ဒါတောင် လူမိုက်တွေတော်တော်များများ
ဆေးအကြွေးဝယ်တာ လာလာသောင်းကျန်းလွန်းတာမို့ Appa တို့ ရှိစဉ်က ထားခဲ့တဲ့ အိမ်နဲ့ ခြံကြီး ထုတ်ရောင်းပြီး ဆပ်လိုက်ကာ ခု လက်ရှိ အိမ်ကို ပိုတဲ့ပိုက်ဆံနဲ့ ဘဏ်ထဲက Appa ပိုက်ဆံ တချို့ပေါင်းပြီး ဝယ်ထားတာမို့။

ဟိုအရင် ဒီဇိုင်နာ ဘဝတုန်းက စုဆောင်းထားတဲ့ ပိုက်ဆံတချို့က ကုမ္ပဏီတခုမှာ အစုရှယ်ယာဝင် ထားမိတော့ အဲ့ ရှယ်ယာက ရတဲ့ ဝေစုနဲ့ မျှတသုံးရင်း အသက်ဆက်နေရတာ နှစ်နဲ့ချီပါပြီ။
ရှယ်ယာဆိုတာကလဲ သိတဲ့အတိုင်း တနှစ်မှတကြိမ်ခွဲတာလေ။ ဆေးဖိုးနဲ့ရော အလုပ်မလုပ်တာနဲ့ရော အဆင်တော့မပြေလှ။ အခုချိန် ပိုင်ဆိုင်တာဆိုလို့ ကလီဆာပဲရှိသလို ထုတ်ရောင်းဖို့လဲ ဒါပဲကျန်တော့တယ်။

အခုနေ အလုပ်တခုလောက်လုပ်ရင် ဒါမှမဟုတ် ဒီဇိုင်နာ ဘဝထဲ ပြန်ဝင်ရင် အဆင်ပြေမယ်ဆိုတာ သိပေမယ့် လောကကြီးကို မုန်းလွန်းလို့ တစ်ယောက်တည်းချန်ထားခဲ့တဲ့ မိဘတွေကို အရွဲ့တိုက်ချင်လွန်းလို့ ကိုယ်လုပ်ချင်ရာလုပ်တယ်။
ဘာမှလဲ မလုပ်ချင်တော့ပါဖူးလေ။ မျောနေရတာ အကုန်အဆင်ပြေသားပဲ။

အချိန်တခုစာ အထိ ကြိုးစားခဲ့ဖူးတယ်။
အချိန်တခုစာ အထိ ပျော်ခဲ့ဖူးတယ်။
အချိန်တခုစာ အထိ အောင်မြင်ဖူးတယ်။
အချိန်တခုစာ အထိ ချမ်းချမ်းသာသာ နေခဲ့ဖူးတယ်။
ဒါပေမယ့်လဲ ဒါတွေဟာ
အချိန်တခုစာ အထိပဲ။

အခုတော့လဲ ပုံပြင်လိုပါပဲ။ အောင်မြင်တုန်းက ဝိုင်းဝိုင်းလည်တဲ့ လူတွေလဲ အခုချိန်မှာ အနားမကပ်ချင်ကြတော့။

Stay In My Mind ( Zawgyi + Unicode) Where stories live. Discover now