16

3.8K 278 25
                                    

Zawgyi
________

Li - ရပြီ...... ကျေးဇူး..... Park Chae Young Shi

Chae ဒီတိုင်းသာ ကြောင်ကြည့်နေတာမို့ ပခုံးကို ဖွဖွလေး ကိုင်လှုပ်လိုက်တော့မှ

Chae - အမ်... Wae...

Li - ဘာတွေတွေးနေတာလဲ ကျေးဇူးပါလို့ Park Chae Young Shi

Chae ရှက်လိုက်တာလေ။ တော်တော်များငေးမိသွားလေသလားမသိ။

Chae - arrr nae.... ရပါတယ်

ပြောနေတုန်းပဲ လက်ထဲမှ ဖုန်း အသံမြည်လာသည်မို့
အမြန် အပြင်ကို ပြေးထွက်ကာ ပြောရတော့သည်။

ပြေးထွက်သွားတဲ့ ကျောပြင်လေးကို မြတ်နိုးစွာငေးကြည့်နေမိတော့သည်။ တကယ်တော့ Li ဟာ မပိုင်ဆိုင်နိုင်တော့သော အရုပ်ကလေးကို သူများလက်ထဲက အရုပ်လေးကို ငေးကြည့်ပြီး မြတ်နိုးနေမိတဲ့ ကလေးငယ်လေး တစ်ယောက်မဟုတ်လား......။

Ni နဲ့ Ji ရိပ်မိသွားသည်မို့

Ni - အဆင်ပြေရဲ့လား Li

Li နာကျင်စွာပြုံးရင်း ခေါင်းညိမ့်ပြမိပါတယ်။

Li - အဆင်ပြေပါတယ် Ni။ စားပြီးရင် လာ လက်စသတ်ကြရအောင် အလုပ်တွေကို

ဒီနောက်ပိုင်း Li အလုပ်ထဲပဲ စိတ်နှစ်ထားမိတယ်။ တခါတလေ ရုန်းထွက်ပစ်လိုက်ချင်ပေမယ့် တာဝန် အရပ်ရပ်ဟာ ပြီးမြောက်ဖို့ လုပ်ရအုံးမယ်မဟုတ်လား။ သူ တခြားတစ်ယောက်ကို ကြင်နာတိုင်း ကိုယ့်နှလုံးသား နင့်ကာ အောင့်တယ်။

အဆင်ပြေလား မေးရင် အဆင်ပြေပါတယ်ပဲ ဖြေမိတော့တယ်။
တကယ်တော့လေ .......
တဖက်သတ်ဆန်ခြင်းတွေမှာ လှပတယ်ဆိုတာ ရှိဖူးလို့လားဗျာ..... ဥပမာ တဖက်သတ်အချစ်၊ တဖက်သတ် နားလည်ပေးခြင်း၊ တဖက်သတ် အတွေးအယူအဆတွေ နဲ့ တဖက်သတ်ပေါင်းများစွာ.....

Ji - ငါလေ သူ့ကို တကယ်နားမလည်ဖူး။ ice မှ ice ဖြစ်နေတဲ့လူက ဗြုန်းစားကြီး ရည်းစားထားတယ်။ ရည်းစားထားနေတာသိနေပေမယ့် ဘယ်သူလဲ လို့လဲ မေးလို့မရဖူး။ Yoon လို့ပဲ ပြောတယ်။ အတင်းအကြပ်မေးရင် အလုပ်တွေ ရပ်ပစ်မယ် ဘာညာ ခြိမ်းခြောက်တယ်၊ Lice နင်အရမ်းအဆင်မပြေရင် နင့်ပုံစံအမှန်ကို ပြောပြလိုက်ပါတော့လားဟာ

Stay In My Mind ( Zawgyi + Unicode) Where stories live. Discover now