14

3.7K 299 16
                                    

Zawgyi
________

ဒီနေ့ Lisa ဆေးရုံဆင်းရပြီ။
ဆမ် ကို တွေ့ရတော့မှာမို့ အတွေးနဲ့တင် ပျော်ရပါတယ်။ တာဝန်တစ်ချို့ ထမ်းဆောင်ပြီးတဲ့အခါ ဆမ်နဲ့အတူ အေးချမ်းတဲ့ ဘဝလေးကို တည်ထောင်မယ်။ ဖြတ်သန်းခဲ့ရသမျှ တွေကို ပြောပြမယ်။ ချစ်တယ် တဖွဖွပြောမယ်။ သူပြန်ပြောမယ့် ချစ်တယ် ဆိုတဲ့ အသံချိုချိုလေး နားထောင်မယ်။
မိုးလင်းတိုင်း ပါးလေးကိုနမ်းမယ်။
မြတ်နိုးမှု့တွေဟာ မင်းနဲ့ပဲ စ ခဲ့သလို မင်းနဲ့ပဲ ဆုံး ချင်တယ်။
သေရင်တောင် မင်းလက်ပေါ်မှာပဲ အသက်ထွက်ချင်တယ် ဆမ်......။

သိပ်မကြာပါဖူး Unnie တို့ အန်ကယ် တို့ ရောက်လာပြီး ဆေးရုံ ဆင်းဖို့် ကူညီပေးကြတယ်။

GD - ကဲ သွားကြစို့ အိမ်ကို။ သြော် မှာရအုံးမယ်၊ lisa အိမ်ကို ရှင်းထားပေးတယ် လူလွှတ်ပြီးတော့ ဒါပေမယ့် တခုတော့ရှိတယ်နော်။ ငါ အကြောင်းကြားတဲ့အခါ အဲ့အိမ်ကို အကုန်လာပါ၊ ငါ သတင်းအချက်အလက်တွေ စုပြီး Plan အတွက် တိုင်ပင်မှာမို့။ ဒီနေ့ နားအုံး။ နက်ဖြန် အလုပ်စဆင်း Lisa။

Li - Nae... အန်ကယ်လေး

➖➖➖➖➖
Lisa တို့ အိမ်ရောက်တော့
ဆမ် က လာတောင်မကြိုခဲ့ပါ။

သူ့အခန်းနဲ့ Li အခန်းက မျက်နှာချင်းဆိုင်တဲ့။

GD - Lice အဆင်ပြေရဲ့လား။

Li - Nae အဆင်ပြေပါတယ်၊ အန်ကယ်။ နက်ဖြန် အလုပ်စဆင်းမယ်နော်။

GD - အိုကေ နားအုံးနော်။

အသံတွေကြားလို့ ထင်ပါရဲ့၊ ဆမ် သူ့အခန်းကနေ ထွက်လာတယ်။

➖➖➖➖➖
Unnie ပြောသွားတယ် မနေ့ညက ဒီနေ့ ဟိုလူ အိမ်မှာ လာနေတော့မယ်တဲ့။ စိတ်ညစ်ပါရဲ့။
အသံပလံ ဆူညံနေလို့ သူ့ကို ချိုးမယ်ပေါ့။ အခန်းအပြင်ထွက်တုန်းပဲ ရှိသေးတယ်။

Chae ရင်ခုန်သံတွေ အတော်မြန်လာတယ်။
ice နဲ့ အဲ့လေ မှားလို့ Yoon နဲ့ အတူရှိနေရင်တောင် မခံစားရတဲ့ ရင်ခုန်သံ၊ နွေးထွေးမှု့၊ အဲ့တာတွေက သံသယဖြစ်စရာတွေ ဖြစ်လာတယ်။

အခုလဲ ကြည့်ပါအုံး။ ကိုယ်သိပ်မုန်းခဲ့တဲ့လူကို ချစ်စရာကောင်းပါလား လို့ တွေးမိနေတာလေ။
တကယ် သူပြောင်းလဲသွားသလိုပဲ၊ စူးရှရှ မျက်ဝန်းတစ်စုံဟာ အရောင်ဖျော့ကာပျောက်သွားပြီး၊ ညိုမည်းနေတဲ့ သူ့မျက်ကွင်းတွေဟာ ပြန်လာဖြူလျှက်၊ ပိန်ချုံးကာနေတဲ့ ပါးတွေပြန်ဖောင်းလာပြီး၊ ညစ်ထေးထေးအသားတွေ ပြန်လည်စိုပြေလို့၊ ခြောက်သွေ့မည်းနက်နေတဲ့ နှုတ်ခမ်းတစ်စုံဟာ စိုပြေကာနီနီရဲရဲလေး ပြန်ဖြစ်လာတာမို့။ သေချာကြည့်မိတော့ ice ငယ်ငယ်တုန်းကပုံလေးနဲ့ တစ်ပုံတည်းပဲ။ ice သာ စောစော ပြန်မရောက်လာဖူးဆိုရင် သူဟာ ice လို့ ကိုယ်ထင်မှတ်မိမှာအမှန်ပဲ။ လောကွတ်လေးတော့ ချော်ရအုံးမယ်၊ ငေးလိုက်တာ အရမ်းသိသာသွားတာမို့လေ။

Stay In My Mind ( Zawgyi + Unicode) Where stories live. Discover now