24

4.3K 283 15
                                    

Zawgyi
________

Chae - 😒😒😒😒😒😒မျက်နှာရူးလေး

Li - မျက်နှာရူးလေးကို မချစ်ဖူးလားလို့

Chae - ချစ်ပါ့ အရမ်းချစ်ပါ့ ငုံထားမတက်ကိုချစ်ပါ့။ ကဲ ရော့ နွားနို့လေး သောက်တော်မူပါအုံး။ ဖြေးဖြေးသောက်နော် ice ပိစိလေး။ သီးမှာဆိုးလို့။

Li - အမိန့်တော်မြတ်အတိုင်းပါဗျ

နွားနို့ကို အေးဆေးစွာသောက်လိုက်ရင်း အနားယူရန် ဆေးရုံကုတင်ထက်ဆီသို့....

ဆမ် ပြောပြတဲ့ ပုံပြင်လေးတွေနားထောင်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

➖➖➖➖➖➖

မိုးလင်းတော့ Li တော်တော်ကို အိပ်ပျော်သွားခဲ့ပုံရတယ်။ လူကို လန်းဆန်းလို့။ ခန္ဓာကိုယ်ကို တင်းနေအောင်ဖက်ထားတဲ့ လက်တစ်စုံကြောင့် ကျေနပ်စွာ ပြုံးလိုက်မိသည်။ ဒီလိုသာ အချိန်တိုင်း ဖြတ်သန်းချင်ပါတယ် ဆမ်ရယ်။ ကံကြမ္မာ အတုံ့အလှည့်ဟာ မရက်စက်ပါစေနဲ့ လို့ပဲ မျှော်လင့်မိပါတယ်။

Chae - ဟင် နိုးနေပြီလား ice

Li - အင်း နိုးနေပြီ

Chae - ထ မျက်နှာသစ်ရအောင်၊ ဆမ် သစ်ပေးမယ်နော်

Chae သူ့ကို ရေချိုးခန်းထဲ တွန်းပို့ရင်း သွားတိုက် မျက်နှာသစ်ပေးတာ ကိုယ်တိုင်လုပ်ပေးလိုက်ပြီး သူ့အတွက် မနက်စာ ပြင်ပေးပြီးမှ ရေဝင်ချိုးဖြစ်တော့တယ်။

ပြန်ထွက်လာတော့ အစားကိုလှည့်တောင် မကြည့်ပဲ စာရွက်ကြီးကိုင်ပြီး ကြည့်နေတဲ့ သူ့ကြောင့် ဒေါသက ထောင်းခနဲ။

Chae - Lalisa Manoban ပြောရင် ပြောတဲ့လူ အလွန်ဖြစ်အုံးမယ်။ မုန့်အရင်စားပါဆိုနေတာကို

Li - အော်ပါနဲ့ ဆမ်ကလဲ🙁

ရုပ်က ပြိုတော့မယ့်မိုးလို ငိုမဲ့မဲ့လေး လုပ်နေတာမို့ နှုတ်ခမ်းလေးကို တချက်နမ်းလိုက်ပြီး

Chae - အေးအေး ဟုတ်တယ် ငါ့ကလေးလေးကို အော်ဖူးနော်။ အော်ဖူး။ ခဏစောင့် ဆမ် အင်္ကျီလဲ ပြီးရင် ခွံကျွေးမယ် ဟုတ်ပြီလား။ ငိုတော့မငိုလိုက်ပါနဲ့ အချွဲလေးရယ်။

Stay In My Mind ( Zawgyi + Unicode) Where stories live. Discover now