Zawgyi
________စကားလေးတွေပြောကြရင်း အိမ်သို့မဝင်ခင်
ထိပ်က Mart တစ်ခုမှာ ဗိုက်ပြည့်ဖို့ ညစာရယ်
ညလယ်စာရယ် နောက်တနေ့မနက်စာရယ် ဝယ်လိုက်ကြရင်း အိမ်ပြန်လာလိုက်ကြတယ်။ပြန်ရောက်တော့ ခေါင်းရင်းအိမ်လေးကို ကြည့်လိုက်မိတယ် ခုထိ မီးမှိတ်ထားဆဲ အချိန်မှာ ၇ခွဲ ၈ သာသာ သာ ရှိအုံးမယ်။
ခုထိမီးမဖွင့်တာ လူရော နေရဲ့လားမသိ။Ji - Yaa Park Chae ဘယ်ကိုငေးနေတာလဲ။ ဗိုက်ဆာလှပြီ ဝင်တော့ဟ။
Unnie အော်လိုက်တာမို့ အိမ်ထဲ ခပ်သွက်သွက်ဝင်ဖို့လုပ်တော့ လူတစ်ယောက် ယိုင်တိုင်တိုင်နဲ့ ထိုအိမ်မှထွက်သွားတာကို မြင်လိုက်တယ်။ အမှောင်ရိပ်ကြောင့် ဘယ်သူဘယ်ဝါမှန်းတော့ သေချာမတွေ့လိုက်။ ထို့နောက်
အိမ်ထဲဝင်လိုက်ကာ Jen Unnie နဲ့ Jisoo Unnie တို့ ကင်ချီထမင်းကြော် လုပ်တာကို ဝိုင်းကူရင်း သုံးယောက်သား ထမင်းကြော်နဲ့ နှစ်ပါးသွားလိုက်ကြတယ်။Jen - Unnie တို့တွေ မနက်ဖြန်ကြရင် အလုပ်စရပြီလား ရှဥ့်ပေါက်?
Chae - အာညီး မစသေးဖူး Unnie သဘက်ခါတော့ ဦးငယ် ခေါ်ထားတယ်။ သုံးယောက်လုံးကို။
Ji - အင်း အချိန်တွေနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာထဲမှာ နေရတာလဲ မလွယ်ဖူးနော်၊ လူတစ်ချို့နဲ့ ဆုံရတယ်။ အဲ့ထဲက လူတစ်ချို့ဟာ သေခွဲခွဲသွားကြသလို၊ တစ်ချို့ဟာ ရှင်ခွဲခွဲသွားတယ်။ ရှင်ခွဲထဲကတစ်ချို့ဟာ ပြန်ဆုံကြပေမယ့်၊ တစ်ချို့ကတော့ အစအနတောင်ပျောက်နေခဲ့တာမျိုး.....
Chae လေ Unnie စကားကြောင့် လူတစ်ယောက်ကို တမ်းတမိသွားတယ်။
Chae လေး ငြိမ်သွားတာမို့ Jen Ji ကို လက်တို့လိုက်ပြီး စကားလမ်းကြောင်းလွှဲရတော့တယ်။Jen - နက်ဖြန် Unnie တို့ အိမ်တက်ပွဲ လုပ်ကြမလား။ ဘေးအိမ်တွေကို လိုက်ဝေကြရင်း အိမ်နီးချင်း ဖွဲ့ကြမယ်လေ....။
Chae - အင်း ကောင်းသားပဲ Unnie
Ji - အလုပ်ရှုပ်ပြန်ပြီဟာ ပျင်းပါတယ်ဆိုနေ 😖
Jen - Park Jisoo အဲ့မှာပျင်းနေလိုက်...။ အိမ်ထောင်သာကျရင် ဘယ်လိုနေလဲမသိ....။
YOU ARE READING
Stay In My Mind ( Zawgyi + Unicode)