19

4.2K 297 14
                                    

Zawgyi
_______

အင်မတန်မှ မွှေးပျံ့နေတဲ့ ရနံ့ကြောင့် Lisa နိုးလာခဲ့တယ်။
ရောက်နေတာက ပန်းခင်းကြီးတစ်ခုထဲမှာ...
Lisa ထကြည့်လိုက်တော့ ပန်းခင်းရဲ့ အဆုံးမှာ တောလမ်းလေးတစ်ခု၊ ထိုတောအုပ် ဆီထဲက ဆောင်းသံ ညင်းညင်း လေး ကြားနေရတယ်။

တောလမ်းလေး က သိပ်ကို လှပတာ မို့ ထိုလမ်းလေးဆီ လျှောက်သွားဖို့ စိတ်ကူးမိလိုက်ကာ ပန်းခင်း လမ်းလေး ဆုံးအောင် လျှောက်လာလိုက်တယ်။

ပန်းခင်းလမ်းလေး အဆုံး တောလမ်းရဲ့အစ
တောအုပ်ဆီ သွားဖို့ ခြေမလှမ်းခင်
ဝတ်ဖြူ စင်ကြယ် နဲ့ လူတစ်ယောက် ပေါ်လာခဲ့ပါတယ်။

M - ဒီလမ်းထဲ ဝင်ခွင့် သင့်မှာ မရှိသေးပါဖူး။

Li - ဘာကြောင့်လဲ အဘ။ ဒီလမ်း က သာယာမယ့် ပုံလေးပါ။ နောက်ပြီး ပန်းခင်းလမ်းမှာ ပူသလို ခံစားရပေမယ့် အဲ့ တောအုပ်ထဲမှာတော့ အေးချမ်းနေသလိုခံစားရတယ်။ Lisa အေးချမ်းချင်တယ်။

M - မင်းအေးချမ်းချင်တာ မှန်ပေမယ့် အချိန်မတန်သေးဖူး ကလေးမ။ ဒီလမ်းဟာ ရှင်သန်ခြင်းရဲ့ လမ်းအဆုံး ဖြစ်ပြီး ချုပ်ငြိမ်းခြင်းရဲ့ လမ်းအစ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမ ဟာ ဒီလမ်းလျှောက်ဖို့ အချိန်မတန်သေးတာမို့ လာရာလမ်းအတိုင်း ပြန်ပေတော့။

လေပွေလို အရာတခုက Lisa ကို အေးခနဲဖြစ်အောင် သယ်ဆောင်သွားခဲ့တယ်။

➖➖➖➖➖➖
ice ဟာ ခုချိန်ထိ သတိမရသေးပါ။ မနက်ဆိုရင် ဆမ် ရဲ့ ပထမဆုံး ပွဲဦးထွက်။ ဘေးမှာ ice ကို ရှိစေချင်လိုက်တာ။

GD - Chae မနက်ဖြန် ပွဲဦးထွက်နော် Live လွှင့်မှာ။ အခု အိမ်ကိုပြန် နားသင့်ပြီ။ ဒီမှာ Irene နဲ့ ဦးငယ် ရှိနေပေးမှာမို့ ဘာမှ စိတ်မပူပါနဲ့။ သိပ်မကြာခင် Lisa လဲ သတိရလာမှာပါ။

Chae - ice မနိုးမချင်း မပြန်ချင်ဖူး ဦးငယ်။ ပြီးတော့ သူ့လောက် ဘာမှအရေးမကြီးဖူး။ ပျက်ရင်လဲ ပျက်ပါစေတော့။ နိုးတာနဲ့ အထင်လွဲသမျှ ရှင်းပြပြီးတောင်းပန်ချင်တယ် ဦးငယ်ရယ်။

GD - ခေါင်းမမာစမ်းပါနဲ့ Chae။ Lisa လဲ နင်ဒီလို နင့်အနာဂတ်အထိခိုက်ခံတာမျိုး ဖြစ်စေချင်မှာ မဟုတ်ဖူး။ Jisoo ၊ Jen တို့နဲ့ တူတူ ပြန်နားတော့။ ဒီလိုလုပ် နင်ရှင်းပြချင်တယ်ဆိုရင် အသံဖိုင်ဖြစ်ဖြစ် ထားခဲ့ ရော့ ဒီမှာ ငါ့ဖုန်းနဲ့ သွင်းလိုက် နင်ပြောချင်တာမှန်သမျှ ၊ Lisa သတိရလာရင် ငါ သူ့ကို နားထောင်ခိုင်းပြီး ရှင်းပြစရာတွေအကုန် ရှင်းပြလိုက်မယ်။ ဘယ်လိုလဲ အဲ့အကြံ။

Stay In My Mind ( Zawgyi + Unicode) Where stories live. Discover now