Zawgyi
________Li ပြင်တော့မယ်လို့ ဆုံးဖြတ်ပြီးပြီးချင်း
သောက်လက်စ Weed ကို ချေချလိုက်ကာ
အခန်းထဲ အမြန်ဝင်လိုက်တယ်။ကြိုးရှည်ရှည်တစ်ချောင်းယူလိုက်ကာ ခြေထောက်ကို တုပ်ချည်လိုက်တယ်။ အခန်းထောင့်မှာ သက်တောင့်သက်သာဖြစ်အောင် မှီချလိုက်တယ်။
ဝရံတာမှာ ရပ်နေတာ အချိန်အတော်လင့်နေပြီမို့ Chae အိပ်ဖို့ ဆုံးဖြတ်လိုက်ကာ အိပ်ယာပေါ်လှဲချလိုက်တယ်။ သိပ်မကြာပါဖူး အရမ်းပင်ပန်းထားလို့ ထင်ပါရဲ့ အိပ်ပျော်သွားခဲ့တယ်လေ။
တဖက်မှာ အိပ်ပျော်နေပေမယ့်
တဖက်မှာတော့ ဆုံးဖြတ်ချက် တခုကြောင့် အလူးအလဲ ခံစားနေရတဲ့ မိန်းကလေးနှစ်ယောက်။➖➖➖➖
မိုးလင်းတော့
Chae တို့ သုံးယောက် အိမ်တက်အတွက် ဘာမုန့်ဝေရမှန်းမသိ တိုင်ပင်နေကြတယ်။Ji - ပုံမှန်ဆို ဆန်မုန့်ပဲ ဝေကြတာ။
Jen - Macaroon ဝေမလား။
Ji - လုပ်တတ်လို့လား။
Jen - အမယ် အထင်သေးလို့၊ ဒါပဲ ဝေကြမယ်နော်။
မီးဖိုချောင်မှာသုံးယောက်သား အလုပ်ရှုပ်လို့....။
အိမ်ရှေ့မှာ Bell တီးသံကြားတာမို့Chae - နေနေ Chaw သွားဖွင့်လိုက်မယ်၊
တံခါးသွားဖွင့်တော့
Chae - ဟာ ဦးငယ် မပြောမဆိုနဲ့ ဘာလို့လဲ
GD - ဘာမှမဟုတ်ဖူး။ လမ်းကြုံနေတာမို့ အဆင်ပြေရဲ့လားလို့ ဝင်ကြည့်တာ။ ဘာလုပ်နေကြတာလဲ
Ji - ဦးငယ် ဘာမှ မဟုတ်ပါဖူး မုန့်လုပ်နေတာလေ အိမ်တက် လိုက်ဝေမလို့
GD - အေးအေး ငါပါ ကူမယ်လေ၊ Chae young နင် လိုက်ဝေဖို့တော့ မစဉ်းစားနဲ့နော်၊ ကြားလား idol တစ်ယောက်ဆိုတာအနေအထိုင် ဆင်ခြင်ရမယ်။
Chae - Nae စကားမစပ်လေ ဦးငယ် ဒီအိမ်က အစောကတည်းက ကြိုစီစဉ်ထားတာမလား၊ အမှန်ဆို သုံးယောက်ပဲနေမှာ။ အခန်းက လေးခန်းဖြစ်နေတာ ဘာလို့လဲ။ ပြီးတော့ အဲ့အခန်းက ဦးငယ်ပေးလိုက်တဲ့ ဘယ်သော့နဲ့မှ ဖွင့်မရဖူး။
YOU ARE READING
Stay In My Mind ( Zawgyi + Unicode)