Zawgyi
________Chae အပြန်လမ်းတောက်လျှောက်မှာရော အိမ်ပြန်ရောက်တဲ့အထိ ဆိုဖာပေါ်မှာ ထိုင်ကာငြိမ်နေတာမို့
Ji ပဲ သူ့အနားသွားကာ ထိုင်လိုက်ပြီး
တိတ်ဆိတ်မှု့ကိုဖြိုခွင်းလိုက်ကာJi - နင် ဘာဖြစ်နေတာလဲ Chae
Chae - ဟိုလူ Chaw ကို ဖက်လိုက်တယ်လေ
Ji - အဲ့တာကို ဒေါသဖြစ်နေတာလား Wuri Ms.Roseanna Park ကြီးက
Unnie နောက်နေပေမယ့် Chae တကယ် မရီနိုင်ပါ။ သူပြောသလို ဒေါသထွက်နေတာလဲ မဟုတ်တာကြောင့် ခေါင်းကို သာ အသာခါလိုက်ရင်း
Chae - အာညီးးး မဟုတ်ဖူး။ သူဖက်လိုက်တော့ ရင်ထဲ တမျိုးပဲ။ တစုံတခုကို ပြန်ရလိုက်ပြီး
တစုံတခုကို တဖန် ဆုံးရှုံးလိုက်သလို
ဘယ်လိုကြီးမှန်းမသိဖူး။Ji လဲ ခေါင်းလေးဖြေးဖြေးခါရင်း
Ji - ကဲပါ မတွေးနဲ့တော့နော်။ အဖြစ်အပျက်တွေက တူလွန်းတော့ လွမ်းနေတဲ့ လူများ ဖြစ်နေမလားဆိုပြီး လိုရာဆွဲတွေးမိသလို ဖြစ်ရုံလောက်ပဲနေမှာပါ Chaeရယ်။ စောစော အိပ်ကြရအောင် နက်ဖြန် လိုတာတွေ သယ်ပြီး ဟိုအိမ်မှာ ထပ်နေရာချရမယ်လေ။
ပြီးရင် ဟိုတစ်ယောက်ကိုလဲ ငါတို့သွားကြိုရအုံးမယ်မလား။Unnie စကားကြောင့် မျက်လုံးပြူးကာ ကြည့်လိုက်ရင်း
Chae - ငါတို့ ဟုတ်လား??? Unnie ပဲ ကြိုရမှာလေ။ ငါ လို့ပဲ သုံး😒
Ji - နင်ကလဲ လိုက်ခဲ့ပါဟာ။ ငါတစ်ယောက်တည်းပျင်းလို့ နင်အထဲထိလိုက်ဖို့မလိုဖူးဟာ သိလား။ ကားပေါ်မှာပဲနေလေ နော်။ ငါပဲ သွားကြိုလိုက်မယ်။ ဟုတ်ပြီလား..... ချစ်ညီမလေး။
Chae - အင်းအင်း ပြီးတာပဲ
➖➖➖➖➖➖
Chae တို့ မနက်ရောက်တော့ ကျန်တဲ့ပစ္စည်းတွေ အကုန်ကားပေါ်တင်ကာ ဟိုအိမ်ကိုထွက်လာခဲ့လိုက်ကြတယ်။နေရာချစရာတွေထပ်ချ ဘာညာနဲ့
၃နာရီခွဲတော့ ညီအစ်မနှစ်ယောက် ရေမိုးချိုးပြီး
Ruby Jame ကိုကြိုဖို့ airport ကို ထွက်လာခဲ့လိုက်တယ်။Airport ရောက်တော့ Chae ကို ကားပေါ်ထားခဲ့ရင်း Ji ပဲ အထဲဝင်လိုက်ကာ
Ruby Jame ဆိုတဲ့ နာမည်ရေးထားတဲ့
စာရွက်ကလေး ကိုင်ကာ ရပ်နေလိုက်တယ်။
YOU ARE READING
Stay In My Mind ( Zawgyi + Unicode)