Photographyer Xiao
ရှောင်းကျန့်က တက်သစ်စ မျက်နှာသစ်
မော်ဒယ်လ် ကောင်လေးများကို ဓါတ်ပုံရိုက်ပေးရတဲ့ All in one Studioက ဓါတ်ပုံဆရာတစ်ယောက်။အနေအေးသည်။ အလုပ်ပြင်ပချိန် ကိုယ်ပိုင် V- logတစ်ခုမှာ ရှုခင်းပုံတွေနဲ့ ကဗျာတွေ ရေးတင်လေ့ရှိသလို ရှောင်းကျန့်က သဘာဝရှုခင်းပုံများ၏အလှတရားတွေကို ပိုပြီးပေါ်လွင်အောင်ရိုက်လေ့ရှိသည်။
သူ့ရဲ့ ရိုက်ချက်တွေကို All in one Studioပိုင်ရှင်
ဓါတ်ပုံဆရာ မိုက်ကယ်လ်က သတိထားမိခဲ့သည်။"လူတွေမှာလည်း အလှတရားဆိုတာရှိတယ် ရှောင်းကျန့် မင်းရဲ့ရိုက်ချက်နဲ့ သူတို့ရဲ့ အလှတရားကို ပိုပြီးပေါ်လွင်အောင်ဖန်တီးပေး" ပါဟုဆိုလာသောကြောင့် ရှောင်းကျန့်က အခွင့်အရေးတစ်ခုလို သဘောထားပြီး သူ့ရဲ့ ရိုက်ချက်တွေကို သရုပ်ဆောင်တွေပေါ် ဦးတည်ပြောင်းလဲကာ အသုံးချလာခဲ့သည်။
သူ့ရဲ့ရိုက်ချက်တွေက လှလို့ သူရိုက်ပေးတဲ့ မော်ဒယ်လ်တိုင်း မဂ္ဂဇင်းတွေမှာ ပထမ အကြိမ် ပါဝင်တာနဲ့တင် လူသိများ အောင်မြင်ကျော်ကြားသွားလေ့ရှိသောကြောင့် မျက်မှန်းတန်းမိလိုက်တိုင်း.....
Photographerဆို XZ. က အမြဲနေရာယူထားလေ့ရှိသည်။
ဒီလိုနဲ့ နာမည်ကြီးလာတဲ့ ရှောင်းကျန့်ကို V-logတစ်ခုရဲ့ Adminမှန်းဘယ်သူမှ မသိခဲ့ကြ။ မိုက်ကယ်လ်ကတော့ သူ့ကိုV logကနေပဲ တစ်ဆင့်ဆက်သွယ်လို့ရခဲ့သည်လေ။
နာမည်ကြီး စတူဒီယိုတစ်ခုမို့ ရှောင်ကျန်းက မငြင်းခဲ့ပါ။ထို အလုပ်ကို လက်ခံခဲ့သည်။
ရှောင်းကျန့်က မီဒီယာတွေကို တော့ ရှောင်သည်။
အမြဲ ပုန်းနေခဲ့တဲ့ Photographerတစ်ယောက်လို့ဆိုရမည်။ ရှောင်းကျန့်က သူ့ရဲ့အလုပ်ကို ဂရုတစိုက်ကြိုးစားလုပ်လေ့ရှိသည် ။ပြဿနာတွေဆိုတာ ရှောင်းကျန့်မှာမရှိဘူး။ ရှောင်းကျန့်က တည်ငြိမ်တဲ့ ကျောက်ဆောင်နဲ့တူသည် ။ ဘယ်လိုလှိုင်းကြမ်းတွေပဲ လာရိုက်ခတ်ခတ်သူ့မှာ ပြိုလဲသွားခဲ့တာမျိုးတွေမရှိခဲ့ဘူး။
YOU ARE READING
Waterfall and Green Forest ,I'll Be Always Here -(Z&U)
Short Storyသံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... သံယောဇဥ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... 🌲Shortstory🌲