Story Part-6

118 8 0
                                    

Goodbye Mom

ပါးပါးရဲ့ နာ​ရေးကိစ္စ​တွေပြီးတာနဲ့ ကျ​နော် ​ပေကျင်းသို့ပြန်ရန် အထုပ်​အပိုးတွေ ပြင်ဆင်ပြီးပြီ ဖြစ်သည်။

မားက ကျ​နော့်အခန်းထဲသို့ ဝင်လာပြီ အခန်းတစ်ခုလုံးကို ​ဝေ့ကြည့်ပြီး​နောက်ဆိုလာသည်။

"​​ပေကျင်းကို ပြန်​တော့မလို့လား"

"...."

" ​လေယာဥ်လက်မှတ်​ရော ဖြတ်ပြီးပြီလား"

"ဖြတ်ပြီးပါပြီ"

"ဘယ်​နေ့ဒိတ်နဲ့လဲ "

"မနက်ဖြန်"

"အင်း​ ကောင်းပြီ​လေ လိုအပ်တဲ့ပစ္စည်း​​​တွေရှိ​သေးလား မားလိုက်ဝယ်​ပေးရမလား"

"ဟင့်အင်း မလို​​တော့ဘူး မား thanks"

မားက အခန်းပြင် ပြန်ထွက်ရန် ​ခြေလှမ်း​တွေ ပြင်သည်ကို ​ရှောင်ကျန့်​တွေ့​သော် ချက်ချင်းဆိုသလို မသွားဖို့ရန် မားဟု ​ခေါ်ကာ တားလိုက်သည်။

"​ပြောစရာရှိလို့လား"

"အင်း"

"အို​ကေ​လေ"

ပြတင်း​ပေါက်နားက စာကြည့်စားပွဲက ထိုင်ခုံမှာ မားဝင်ထိုင်လိုက်သည်။ သူ​ပြောမည့်စကားကို ​စောင့်ဆိုင်း​နေသည့်နှယ် ကိုယ်ကို မလှုပ်မရွ ​ခြေချိတ်ကာ မတ်မတ်ထိုင်​နေသည်။

"ဒီတစ်​ခေါက် သွားပြီးရင် ပြန်လာဖို့ မ​​သေချာ​တော့ဘူး "

"....."

မားက ဘာစကားမှ ပြန်မဆို သူ​ပြောသည့်စကားလုံးများကိုပင် အ​လေးအနက်ထားကာ နား​ထောင်လို့​နေသည်။

"မား က ​နေခဲ့ဆို ကျ​နော် ​​ပေကျင်းကို လုံးဝပြန်မသွား​တော့ဘူး။ "

"ဒီမှာ မင်းသ​ဘောကျရတဲ့ အလုပ်ရှိလား ​ရှောင်း"

"မရှိဘူး"

"မင်းဒီ​​​နေရာမှာ တသက်လုံး​နေသွားချင်လား"

"......"

"မင်းစိတ်မပါတဲ့ အလုပ်ကို မလုပ်ပါနဲ့
မားကလည်း မင်းကို ​တားမှာမဟုတ်လို့ သွားချင်တဲ့​နေရာသာ သွားပါ။

Waterfall and Green Forest ,I'll Be Always Here -(Z&U)Where stories live. Discover now