ရှောင်းကျန့် ပေကျင်းသို့ရောက်သည်နှင့် သူပထမဦးဆုံး ပုံတွေကို V-logပေါ်တင်တယ်။
အမြဲစိမ်းတောတို့ရဲ့ လှပသော အေးချမ်းမှုတို့ကိုပုံကနေတဆင့် ခံစားလို့ရနေသည်။
"တွေ့ဆုံမှုက ခွဲခွါ ခြင်းဆိုရင်တောင်
ခွဲခွာဖို့ အတွက် နောက်တစ်ခေါက်
တွေ့ဆုံခွင့်ကို ကျနော်က ဖန်တီးချင်တယ်"ရေတံခွန်ပုံကတော့ မြင်ရသူတိုင်း ကိုယ်တိုင်သွားရောက်ချင်နေတော့မှာပဲ။
"အမှတ်တရတွေကို ကျနော်က မမေ့ဘူး
အမြဲ အမှတ်ရနေချင်တဲ့ အခိုက်အတန့်လေးတွေမို့
စိတ်ထဲ အမြဲ ရှိလို့နေမယ်"နောက်တစ်ပုံထပ်လို့တင်လိုက်တယ်။
အဖြူရောင်ဗလာကျင်းတဲ့ စာမျက်နှာပုံတွေ"လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြမယ်ထင်ပါတယ်။
ကျနော့်ရဲ့ လျှို့ဝှက်ချက်ကလေးကဖြူလွလွ
စာမျက်နှာတွေပါပဲ။ "မိုက်ကယ်က ဖတ်ပြီး သူ့ကိုဆိုသည်။ ဒီတစ်ခေါက် ခရီးထွက်သွားတာ သဘောကျရတဲ့သူကိုတွေ့လာရတယ် ထင်တယ်တဲ့။ ကျနော်ကတော့ ပြုံးလို့သာနေနေခဲ့တယ်။ တချို့သော အဖြစ်အပျက်တွေကို နှုတ်ဆိတ်ပြီးတော့ နေလိုက်တာ အကောင်းဆုံးပဲ။ မိုက်ကယ်နဲ့ သိတာ ၁နှစ်ကျော်လာပေမယ့် ကျနော်က သူ့ကို အယုံအကြည်မရှိဘူး။ အမှန်အတိုင်းဆိုရရင် ကျနော်က ကိုယ့်ကိုယ်ထက် ဘယ်သူ့ကို မှ အယုံအကြည်ရှိ မနေခဲ့တာပါ။
ဝါသနာနဲ့ ရှင်သန်နေရတာကို သဘောကျတယ်။
စားဝတ်နေရေးအတွက် မပူပန်ခဲ့ရပေမယ့် ကျနော်က အခု တစ်စုံတစ်ယောက်ရဲ့ ရှင်သန်နေရမယ့် နေ့ရက်တွေကို တွေးပူလာရတယ်။ သံယောဇဉ်ဆိုတာ အစကတည်းက မထားသင့်တာ။ ကျနော်ခင်တွယ်မိတဲ့ သက်ရှိက သားရဲ ဝံပုလွေတစ်ကောင်ဖြစ်လို့နေတယ်။ပါးနဲ့မားကိုတောင် ကျနော်က ဂရုတစိုက်ရှိခဲ့တဲ့ကောင်မဟုတ်ဘူး။ ပါးနဲ့ မားဖြစ်စေချင်တဲ့ ဆန္ဒတွေကို ကျနော်က အမြဲ ဆန့်ကျင်နေခဲ့တဲ့ကောင်။ တခါတလေတော့ မားက ပြင်သစ်ကနေ အဆက်အသွယ်လုပ်လို့လာတယ်။ အဆင်ပြေလား ?နေကောင်းရဲ့လား ?ဒီလောက်ပဲ။ အကူအညီလိုရင်ပြောနော်တဲ့။ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်မယ်လို့ ရူးခဲ့တဲ့ကျနော်က မာနတော့ရှိခဲ့ပါတယ်။ ဘယ်လောက်ပဲဒုက္ခရောက်ရောက် မိဘတွေဆီကို သွားပြီး အပူကပ်မနေခဲ့ဘူးလေ။
YOU ARE READING
Waterfall and Green Forest ,I'll Be Always Here -(Z&U)
Short Storyသံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... သံယောဇဥ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... 🌲Shortstory🌲