I'M AT HOME
ရှောင်းကျန့် ပြင်သစ် ပဲရစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြန်မလာခဲ့တာ ၁၀နှစ်ကြာပြီဖြစ်သော်လည်း ဘာမှပြောင်းလဲမသွားတဲ့ ပဲရစ်မြို့ကြီးပါ။
ကျနော့်ရဲ့အိမ်လေးကEiffel Tower အနီးတွင် ရှိသည်။ ကျနော့်ရဲ့ အိပ်ခန်းကနေ လှမ်းကြည့်လိုက်ရင်တောင် မြင်တွေ့နေနိုင်သေးသည်။
"ရှောင်း မင်းပါးပါးကို သွားကြည့်ဖို့ပြင်ထားတော့"မားက အခန်းထဲသို့ ဝင်လာကာ ပြောသည်။
"...."
မားက ပြင်သစ်သူဆိုပေမယ့် Chineseဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်။ ပြင်ဆင်ပြီးထွက်လာတော့ မားက အရှေ့ကနေ၍ ကားဂိုဒေါင်ရှိရာဘက်သို့ ထွက်သွားလေပြီ။
အသက် ၅၆နှစ်ရှိပြီဖြစ်တဲ့ မားက ခုထိ ကြည့်ကောင်းနေဆဲပင်။ ကားကို ကိုယ်တိုင်မောင်းကာဖြင့်ပင်။
ကားမောင်းနေစဉ်လမ်းတစ်လျှောက်ကျနော့်ကို စကားတစ်ခွန်းလေးမျှမဆိုခဲ့ပါ။ ကျနော်လည်း ပြောစရာ စကားတို့မရှိခဲ့။ မားနှင့် ပြောဆိုရမည့် အကြောင်းအရာတို့က ဘာတစ်ခုမှရှိမနေ။
၁၀နှစ်ကြာမှ တွေ့သည့် ကျနော့်ကို မားက ပွေ့ဖက်ခဲ့ပေမယ့် မေးခွန်းတွေ အများကြီးမမေးခဲ့ပါ။
ကျနော်ကလည်း မားနှင့် ပတ်သတ်ပြီး သိချင်သည့် အကြောင်းအရာတို့သည်လည်းမရှိခဲ့ပါ။
နှုတ်ဆိတ်နေသော မားနှင့် တိတ်ဆိတ်နေခဲ့သော ကျနော်တို့က တစိမ်းတွေထက်ကိုပင် ပိုစိမ်းနေကြသေးသည်။
"မား ပါးက ..."
တိတ်ဆိတ်အေးစက်နေသော အငွေ့အသက်ကို ကျနော်ကစ၍ဖြိုခွင်းလိုက်သည်။
"လေဖြန်းသွားတာ နည်းနည်းပဲ လှုပ်ရှားလို့ရတော့ပေမယ့် စကား မပြောနိုင်တော့ဘူး။ "
"....."
ရှောင်ကျန့် ပြောစရာ စကားတို့ ပျောက်ရှသွားရသည်။ ပါးရဲ့ ရောဂါ အခြေအနေက အဲ့လောက်ထိဆိုးရွားသွားလိမ့်မယ်လို့ သူထင်မှတ် မထားခဲ့ပါ။
YOU ARE READING
Waterfall and Green Forest ,I'll Be Always Here -(Z&U)
Short Storyသံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... သံယောဇဥ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... 🌲Shortstory🌲